အဆိုတော်ပိုပိုကတော့ အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်ထားနိုင်ခဲ့ပြီး အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ပြီး အနုပညာအလုပ်တွေကို ယနေ့အချိန်ထိ လုပ်ကိုင်နေခဲ့ကာ သီချင်းအသစ်တွေလည်း ထွက်ရှိထားခဲ့တဲ့ သူမကတော့ နောက်ထပ်သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရဲ့ ရှေ့ကို ချပြဖို့ ကြိုးစားလျက်ရှိနေတဲ့ ပြည်သူချစ်အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: ပိုပို 's facebook page
photo credit: ပိုပို 's facebook page

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ချစ်စရာပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိသူလေးးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ချိုသာလွန်းတဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရဲ့ ရှေ့ကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: ပိုပို 's facebook page
photo credit: ပိုပို 's facebook page

သူမကတော့ ယခုမှာ " မိုးအေးအေးလေးနဲ့ ကိုယ်ရူးသွပ် တဲ့ဂီတ ရယ် ကိုယ် မြတ်နိုးတဲ့ စာအုပ် ရယ်ကျမ သိပ်ချစ်ရတဲ့ မောင်ရယ်ဘာများထပ်လိုအပ်ဦးမလဲ " ဆိုပြီး အမိုက်စားပုံရိပ်လေးနဲ့ အတူ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ချစ်စရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ပိုပိုရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: ပိုပို 's facebook page

photo credit: ပိုပို 's facebook page
photo credit: ပိုပို 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။