အဆိုတော်စန္ဒီမြင့်လွင်ကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ချစ်စရာသမီးလေး Treasure လေးရဲ့ ဝေယျာဝစ္စတွေကိုလည်း သူမကိုယ်တိုင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။Treasure လေးကတော့ မကြာခင်မှာ (၁)နှစ်ပြည့်တော့မှာဖြစ်ပြီး မေမေ့ရဲ့သေချာဂရုစိုက်မှုတွေကြောင့် ပြည့်ပြည့်၀၀လေးနဲ့ ချစ်စရာကောင်းအောင်ကြီးပြင်းလာပါတယ်နော်။ပရိသတ်တွေကလည်း Treasure လေးကိုအရမ်းပဲချစ်ကြလို့ အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Thiha Lwin's Instagram Account
Photo Credit:Thiha Lwin's Instagram Account

စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကိုသီဟလွင်ကလည်း အားတဲ့အချိန်တိုင်းမှာ သမီးလေးကိုအဖော်လုပ်ပေးပြီးအတူတူဆော့ကစားပေးတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့မိသားစုလေးကတော့ သာယာနွေးထွေးမှုအပြည့်ရှိပြီး အေးချမ်းတာကြောင့် ပရိသတ်တွေကလည်းအားကျနေကြတာပါနော်။Treasure လေးက အသည်းယားစရာကောင်းအောင်လည်း အမျိုးမျိုးလုပ်ပြတတ်နေလို့ ဒီဒီးတို့မိသားစုလေးက သမီးလေးကြောင့် အမြဲပျော်ရွှင်နေကြတာဖြစ်ပါတယ်။

Photo Credit:Thiha Lwin's Instagram Account
Photo Credit:Thiha Lwin's Instagram Account
Photo Credit:Thiha Lwin's Instagram Account

အခုဆိုရင်လည်း စန္ဒီမြင့်လွင်တို့မိသားစုသုံးယောက်ကတော့ ပျော်ပျော်ပါးပါးနဲ့ Selfie ရိုက်ကြပြီး Treasure လေးရဲ့ပုံစံလေးက အရမ်းပဲချစ်စရာကောင်းလွန်းနေတာဖြစ်ပါတယ်။ဖေဖေ့ကိုကြည့်ပြီး အားရပါးရရယ်ပြနေကာ နှုတ်ခမ်းလေးကိုလည်း အသည်းယားစရာကောင်းအောင်ထော်ပြတတ်နေတာဖြစ်ပါတယ်။ဒီဒီးတို့မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းမြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Thiha Lwin's Instagram Account
Photo Credit:Thiha Lwin's Instagram Account

Source&Photo Credit:Thiha Lwin's Instagram Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။