ပရိတ်သတ်ကြီးရေ.....အောင်မြင်မှုကိုယ်စီရရှိထားကြပြီး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကိုတည်ထောင်ထားကြတဲ့ ဆယ်လီစုံတွဲလေးတွေထဲမှာဆိုရင် အောင်သူနဲ့ပိုးအိအိခန့်တို့ဇနီးမောင်နှံလည်း အပါအ၀င်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အခုဆိုရင်လည်း ချစ်စရာကောင်းတဲ့သားငယ်လေး သဲကိုးလေးကိုလည်း ရရှိပိုင်ဆိုင်နေပြီဖြစ်ပါတယ်နော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

အောင်သူတို့ဇနီးမောင်နှံဟာ တစ်ဦးနဲ့တစ်ဦးကြည်ကြည်နူးနူးနဲ့ ချစ်ခင်ကြင်နာစွာနေထိုင်ကြတဲ့ သူလေးတွေပါ။ ပိုးအိဟာလည်း အိမ်ထောင်ရှင်မကောင်းပီသတဲ့သူလေးဖြစ်ပြီး အနုပညာအလုပ်တွေခဏရပ်နားထားကာ မိသားစုကိုအချိန်ပေးဂရုစိုက်တတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်သားလေးသဲကိုးဟာလည်း လုံးကစ်ကစ်လေးနဲ့အရမ်းချစ်စရာကောင်းတာဖြစ်ပြီး မျက်နှာချိုချိုလေးနဲ့ချစ်မွှေးပါသူလေးပါနော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

ပိုးအိဟာ သူမတို့မိသားစုရဲ့လှုပ်ရှားမှူပုံရိပ်လေးတွေနဲ့ သားလေးသဲကိုးရဲ့ပုံလေးတွေကို တင်ပေးလေ့ရှိသူတစ်ယောက်ပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာတွင် "အသားချင်းထိပြီး အဲ့လိုကပ်အိပ်နေရမှ အမေထတာနဲ့ အမေကိုစမ်း မရှိတာနဲ့ လိုက်ထတာ ခုလည်း အိပ်နေတာကြာပြီ မထသေးဘူးကြီးလာတော့ အသားကုန်ဆော့ ပင်ပန်းပြီး အသားကုန်အိပ် မေ့ချစ်ကလေး" ဆိုပြီး သားလေးအကြောင်းကိုရေးသားထားပါတယ်။ ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

Source-Poe Ei Ei Khant's Facebook acc

Photo credit-Poe Ei Ei Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။