နိုင်ငံတကာသတင်းများ

ကားရပ်နားနေရာကို အမေရိကန်ဒေါ်လာ (၇)သိန်းနဲ့စံချိန်တင်ရောင်းချနိုင်

Kyaw လွန်ခဲ့သော ၄ လ က

ကားရပ်နားတဲ့နေရာတစ်နေရာကို အမေရိကန်ဒေါ်လာ(၇)သိန်းနီးပါးနဲ့ ကမ္ဘာ့စံချိန်တင် ရောင်းချလိုက်တယ်လို့ CTV News မှာဖော်ပြထားပါတယ်။

အဆိုပါရောင်းချမှုက ဟောင်ကောင်မှာဖြစ်ခဲ့တာဖြစ်ပြီးဟောင်ကောင်အနောက်ဘက် ဇိမ်ခံအဆောက်အဦးတစ်ခုရဲ့ ပထမထပ်ရှိ ကားရပ်နားတဲ့နေရာကို အခုလို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ 

စတုရန်းမီတာ (၂၀)နီးပါးရှိတဲ့ အဆိုပါကားရပ်နားနေရာကို ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတစ်ခုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ကွမ်ဝေမင်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟောင်ကောင်က အိမ်ခြံမြေတန်ဖိုးဟာ တိုကျိုနဲ့ လန်ဒန်ကို ကျော်ပြီး ကမ္ဘာ့စျေးအကြီးဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

Aung

သတင်းအရင်းမြစ် : CTV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။