Terminator ဆိုတဲ့ရုပ်ရှင်ကားကြီးကို ပရိသတ်ကြီးအာလုံးသိကြပြီး လူတိုင်းနီးပါလဲ ကြည့်ဖူးကြမယ်ထင်ပါတယ်။ Terminator ကားဆိုတာထက် Arnold စက်ရုပ်ကားဆို ပိုသိရှိကြမှာပါ။ ကားပေါင်း ၆ ကားထွက်ရှိထားခဲ့ပြီး ယခုအချိန်မှာဆိုရင်လဲ ဂိမ်းတွေထွက်ရှိလို့လာပြီဖြစ်ပါတယ်။ လူတွေကို ရုပ်ရှင်ရသတွေပဲပေးမနေတော့ပဲ ဂိမ်းရဲ့အရသာကိုပါ ပေးစွမ်းနေပြီဖြစ်ပါတယ်။ ကိုယ်တိုင် စက်ရုပ်တွေ ကိုင်ပြီး ပစ်ရခတ်ရတွေတာက စိတ်တိုင်းကျစေမှာပါ။  

ခုဖော်ပြသွားမဲ့ Terminator ဂိမ်းကတော့ ဖုန်းဂိမ်းဖြစ်တဲ့ Terminator: Dark Fate ပဲဖြစ်ပါတယ်။ 2041 A.D. မှာ ကမ္ဘာကြီးပေါ်မှာ လူသားဆန်မှုတွေ မရှိသလောက်ဖြစ်နေကာ စက်ရုပ်တွေရဲ့ အုပ်ချုပ်မှုကို ခံနေရပါတယ်။ ကျန်ရှိနေသေးတဲ့ လူသားမျိုးနွယ်စုတွေကလဲ အဲ့လိုအုပ်ချုပ်မှုတွေကို ငြိမ်ခံမနေနဲ့ တော်လှန်ရေး အဖွဲ့တွေဖွဲ့စီးကာ စက်ရုပ်နဲ့ စက်တွေကို ပုန်ကန်ထကြွ ကြပါတယ်။ ဒါကတော့ လူသားတွေရဲ့ Dark Future ပဲဖြစ်ပါတယ်။   

ကစားသူသင်ဟာ Dark Future မှာ တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကိုယ့်ရဲ့တော်လှန်ရေးစခန်းမှာ သေနတ်တွေ အဆောက်အအုံတွေ စတာတွေကို Upgrade လုပ်ပီး Terminator တွေရဲ့ ရန်ကနေကာကွယ်ရင်း စက်ရုပ်တွေ ပပျောက်သွားအောင် တိုက်ခိုက်ရမှာဖြစ်ပါတယ်။ စစ်ကူတွေနဲ့ပေါင်းပြီး အတူတကွတိုက်ခိုက်လို့ရပါတယ်။ ဂိမ်းကလဲ ၂၀၁၉မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကို အခြေခံပြီး ထွက်ရှိထားတဲ့ဂိမ်းဖြစ်ကာ အမျိုအစားကတော့ Strategy war game ဖြစ်ပါတယ်။   

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။