ပရိသတ်ကြီးရေ လေယာဉ်မယ်အလုပ်ကို စွန့်ခွာပြီး အနုပညာလောကထဲကို ခြေစုံပစ်ဝင်ရောက်လာသူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ပဲဖြစ်ပါတယ်။ ခင်သဇင်က နှစ်လိုဖွယ်အပြုံးနဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးအပြင် ကျစ်လစ်သွယ်လျတဲ့ ကိုယ်ခန္ဓာလေးကြောင့် ပုရိသပရိသတ်တွေ အသည်းစွဲအားပေးချစ်ခင်ခြင်းကို ခံရတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ခင်သဇင်က Mrtv-4ဇာတ်လမ်းတွဲတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်......။

Photo credit - Khin Thazin's FB account
Photo credit - Khin Thazin's FB account

တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင်း နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ ခင်သဇင်က အခုလက်ရှိမှာလည်း ကြော်ငြာတွေနဲ့ photo shootingတွေကို လက်ခံရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ခင်သဇင်က သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Facebook , Instagramစတာတွေမှာ မကြာခဏဆိုသလို မျှဝေပေးလျှက်ရှိသူလည်းဖြစ်ပါတယ်နော်........။

Photo credit - Khin Thazin's FB account
Photo credit - Khin Thazin's FB account

ယနေ့မှာလည်း မင်းသမီးချောလေး ခင်သဇင်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့ တောင်တန်းကြီးတွေကို နောက်ခံထားကာ အထာကျကျပိုစ့်ပေးနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတဲ့အပြင် " ဘယ်လောက်ထိ ချစ်လဲမေးရင် တာင်တန်းကြီးတွေလောက် ချစ်တယ် ဖြေမယ်နော်" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ... ချစ်ရတဲ့ ပရိသတ်တွေလည်း မင်းသမီးချောလေး ခင်သဇင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီးအချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်........။

Photo credit - Khin Thazin's FB account
Photo credit - Khin Thazin's FB account
Photo credit - Khin Thazin's FB account

Photo credit - Khin Thazin's FB account

Source - Khin Thazin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။