နိုင်ငံတကာသတင်းများ

Emirates လေကြောင်းလိုင်းကို ပြစ်ဒဏ်ချမှတ်လိုက်တဲ့ တရုတ်

Kyaw လွန်ခဲ့သော ၄ လ က

Emirates လေကြောင်းလိုင်းအနေနဲ့ တရုတ်နိုင်ငံတွင်းမှာ မလုံခြုံတဲ့ လေကြောင်းပျံသန်းမှုတွေကို လုပ်ဆောင်ခဲဲ့တဲ့အတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ (၄)ထောင်ကျော်ပေးဆောင်ရမှာဖြစ်တယ်လို့ လေကြောင်းလိုင်းအာဏာပိုင် တွေကပြောကြားခဲ့ကြောင်း USA TODAY မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဧပြီ(၁၇)ရက်နေ့က Emirates လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးဟာ မှားယွင်းတဲ့ အမြင့်ပေကနေပျံသန်းခဲ့သလို ယခုလ(၁၈)ရက်နေ့မှာလည်း နောက်ထပ်လေယာဉ်တစ်စီးဟာ လေကြောင်းထိန်းချုပ်မှုစင်တာနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာကြောင့် အခုလို ဒဏ်ကြေးပေးဆောင်ရတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ချမှတ်ခံရတဲ့ဒဏ်ကြေးပေးဆောင်ရမှုနဲ့ပတ်သက်ပြီးတော့Emiratesလေကြောင်းလိုင်းကတော့တစ်စုံတစ်ရာမှတ်ချက်ပြုပြောကြားထားခြင်းမရှိသလို လေကြောင်းလိုင်းအနေနဲ့ တရုတ်နိုင်ငံမှာ နောက်ခြောက်လအတွင်း လမ်းကြောင်းအသစ်ပြေးဆွဲမှုကိုလည်း တားမြစ်လိုက်ပါတယ်။

Aung  

သတင်းအရင်းမြစ် :

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။