photo credit - Neon Esports twitter

LOOT.BET ကနေ ကျင်းပတဲ့ Asia Summer Championship dota 2 tournaments ကတော့ မနေ့က ဇွန်လ 30 ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပြီး Neon Esports က champion ဆုကြီးကို ရယူနိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကိုတော့ စုစုပေါင်း direct invite ရရှိတဲ့ sea region က dota 2 teams 12 သင်းဝင်ရောက်ယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံက dota 2 teams တစ်ခုဖြစ်တဲ့ Team Veteran လည်းပါဝင်ခဲ့ပါတယ်။

Champion ဖြစ်ခဲ့တဲ့ Neon Esports ကတော့ group stage မှာ ရှုံးပွဲမရှိနဲ့ upper bracket ကိုရောက်ရှိခဲ့ပြီး round 1 နဲ့ round 2 မှာ Motivade.Trust နဲ့ 496 Gaming တို့ကို 2:0 နဲ့ အနိုင်ယူပြီး Grand finals ကိုတက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

Grand Finals မှာတော့ အုပ်စုအဆင့်မှာထဲက 2:0 နဲ့ အနိုင်ရရှိခဲ့တဲ့ NEW Esports နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး 3:0 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိကာ Champion ဆုကြီးကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Neon Esports အနေနဲ့ ဒီပြိုင်ပွဲမှာ Champion ဖြစ်ခဲ့တာကြောင့် ဆုကြေးငွေ အနေနဲ့ $6,000 USD ရရှိခဲ့ပါတယ်။

Champion ဖြစ်ခဲ့တဲ့ Neon Esports dota 2 roster ကတော့

Po 1- skem

Po 2- Yopaj

Po 3- Rappy

Po 4- PlayHard

Po 5- Jaunuel

တို့ပဲဖြစ်ပါတယ်။

source - Neon Esports twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။