League Of Legends ဟာဆိုရင် ပရိသတ်ကြီး သိကြတဲ့အတိုင်း PC လောကမှာ ထွက်တဲ့အချိန်ကစလို့ ယနေ့ချိန်ထိ အောင်မြင်မှုများစွာ ပိုင်ဆိုင်နေတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ခုဆိုရင်လဲ Mobile လောကအတွက် League Of Legends : Wild Rift ဟာ 2020 ခုနှစ်အတွင်းမှာ ထွက်ရှိလာဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ Philippines နဲ့ Brazil တို့မှာ Alpha Test ပြုလုပ်ခဲ့ကာ ခုချိန်မှာတော့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ လက်ရှိခေတ်စားနေတဲ့ Mobile Legends နဲ့ LOL : Wild Rift တို့ရဲ့ မတူညီပဲ ကွဲပြားနေတဲ့ အပိုင်း ၂ ကိုအောက်မှာ ဖော်ပြလိုက်ပါတယ်။ 

Golds and Experiences Points

Gold နဲ့ Experiences Point တွေဟာဆိုရင် Mobile Legends မှာဆိုရင် Creep ကို Last Hit မထိရင်တောင် ရရှိတက်ပါတယ်။ ထိရင်တော့ ပိုရတာကို ပရိသတ်ကြီးလဲ သိမှာပါ။ Lol : WR မှာတော့ Last Hit မရရင် Gold ရော XP ရောရရှိမှာမဟုတ်ပါဘူး။ တကယ်လို့များ သင့်အနားက Champion က Last Hit ရခဲ့ရင်တော့ သင့်အနေနဲ့ XP ရပေမယ့် Gold တော့ရရှိမှာမဟုတ်ပါဘူး။ အဲ့လိုတွေကြောင့် LOL မှာ Last Hit က ကိုယ့်အတွက်ရော အသင်းအတွက်ပါ အရေးကြီးပါတယ်။

Buying The Items

Item ဝယ်တာကတော့ Mobile Legends မှာဆိုရင် Base ကိုမပြန်ပဲ ကြိုက်တဲ့နေရာမှာ လုံလောက်တဲ့ ပိုက်ဆံရှိရင်တော့ ဝယ်လို့ရတာကို ပရိသတ်ကြီးလဲ သိရှိကြမှာပါ။ LOL : WR မှာဆိုရင်တော့ Item တွေကို ဝယ်ချင်ရင် Base ကိုပြန်ပြီးတော့ ဝယ်ရမှာဖြစ်ပါတယ်။ အဲ့တော့ ကစားတဲ့အခါမှာ Item ဝယ်ဖို့ မမေ့သင့်ပါဘူး။ 

Spells Pick

Spell Pick တာကတော့ Mobile Legends မှာဆိုရင် ကိုယ့် Hero နဲ့သင့်တော်မယ့် Spell တစ်ခုထဲကိုပဲ ယူလို့ရတာဖြစ်ပါတယ်။ LOL : WR မှာဆိုရင်တော့ ကိုယ့်ရဲ့ Champion နဲ့သင့်တော်မယ့် Spell နှစ်ခုကို ယူလို့ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ Champion ကို Ability များများ သုံးစေနိုင်မှာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Atomic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။