ထိုင်းနိုင်ငံမှာ အင်တာနက်ကနေ ချိတ်ဆက်ထားတဲ့ ကြော်ငြာလင့်တွေကို နှိပ်ကြည့်ဖို့အတွက် လူတွေကိုငှားရမ်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား(၃)ဦးကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Sputnik International သတင်းမှာဖော်ပြထားပါတယ်။ 

အဆိုပါတရုတ်နိုင်ငံသား(၃)ဦးကို မိုဘိုင်းဖုန်း(၄)ရာကျော်နဲ့ ဆင်းကတ်ပေါင်း(၂)သိန်းကျော်နဲ့အတူ ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့တွေဟာ လူသုံးများတဲ့ ဝီချက်(Wechat) အက်ပလီကေးရှင်းမှာ ကြော်ငြာတွေကို တာဝန်ယူလက်ခံထားပါတယ်။ အဲ့ဒီကြော်ငြာတွေကို like နှိပ်ပြီး၊ ဝင်ကြည့်တဲ့အခါ ပိုက်ဆံရရှိတာကြောင့် လူတွေကို အခကြေးငွေ အနည်းငယ်ပေးပြီး ဆင်းကတ်တွေ ဝယ်ယူကာ ကြော်ငြာတွေကို ဝင်ကြည့်စေတာဖြစ်ကြောင်း ဒီလိုကြော်ငြာတွေကို ကလစ်နှိပ်ပြီး ဝင်ကြည့်စေတဲ့အတွက် တစ်လကို အမေရိကန်ဒေါ်လာ (၃)ထောင်ကနေ (၄)ထောင်ကြားရရှိကြောင်း သတင်းမှာဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့ တရုတ်နိုင်ငံသား (၃) ဦးကို တရားမဝင် အလုပ်လုပ်ကိုင်နေခြင်းနဲ့ ဖုန်းတွေကိုတင်သွင်းရာမှာ လိုအပ်တဲ့ အခွန်ပေးဆောင်ခြင်းမရှိခြင်းအပါအဝင် ထိုင်းဆင်းကတ်အများအပြား တွေ့ရှိမှုတွေနဲ့စပ်လျဉ်းပြီးစစ်ဆေးသွားမှာဖြစ်ပါတယ်။

Aung 

သတင်းအရင်းမြစ် Sputnik International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။