ပရိသတ်ကြီးရေ ကိုပေါက်တော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး ဘက်စုံတော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ အများက အားကျရတဲ့ သူလည်းဖြစ်ပါတယ်။ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ကိုပေါက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေတာကိုလည်း တွေရပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို မကြာခဏဆိုသလို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတဲ့ သူတစ်ယောက်ပါနော်......။ 

Photo credit - Aroma
Photo credit - Aroma

ကိုပေါက်က ယခုလို အောင်မြင်မှုတွေများစွာရရှိနိုင်ဖို့အတွက် ဘဝရဲ့ အခက်အခဲများစွာကို ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ ကြိုးစားကျော်ဖြတ်ပြီး ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ယခုဆိုရင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး စကားတက်ကာ ချစ်မွှေးပါတဲ့ သားသားလေး နှစ်ယောက်ကိုလည်း ပိုင်ထားထားပါသေးတယ်။ ကိုပေါက်တို့မိသားစုဘဝလေးကို ပရိသတ်တွေက အားကျနေကြတာပါနော်.........။

Photo credit - Aroma
Photo credit - Aroma
Photo credit - Aroma

ယနေ့မှာလည်း ကိုပေါက်က လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ဆင်တူအကျီၤလေးတွေ ဝတ်ဆင်ပြီး မိသားစုတွေအတူ အခွီပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ချစ်စရာကောင်းလွန်းနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကိုပေါက်ရဲ့ မိသားစုပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.........။

Photo credit - Aroma
Photo credit - Aroma
Photo credit - Aroma

Photo credit - Aroma

Source - Aung Min Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။