ပရိသတ်ကြီး အကယ်သရုပ်ဆောင် လူမင်းကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်ခဲ့တဲ့ ဝါရင့်အနုပညာရှင်မင်းသားတစ်ဦးဖြစ်သလို ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို သဘာဝဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုတွေကြောင့် ယနေ့အချိန်ထိ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးသရုပ်ဆောင်နေဆဲဖြစ်တဲ့ လူမင်းကတော့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးဖြစ်မြောက်ဖို့အတွက်လည်း စွမ်းစွမ်းတမံကြိုးစားလုပ်ဆောင်နေပါတယ်နော်..။


Photo Credit - Amazing Grace
Photo Credit - Amazing Grace

ဝါရင့်အနုပညာရှင်တွေနဲ့ သေချာစီစစ်ပြီးရွေးချယ်ထားတဲ့ သရုပ်ောဆင်များစွာ ပါဝင်တဲ့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဂဠုန်ဦးစောနေရာကနေ ပါဝင်သရုပ်ဆောင်မယ့် ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်သူ ဇော်ဇော်ပိုင် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မရိုက်ကူးတော့ဘဲ နှုတ်ထွက်သွားတဲ့အကြောင်း ပြောပြလာပါတယ်နော်..။

ဂဠုဦးစောရဲ့ ဇာတ်ဝင်ခန်းကို ရိုက်ခံနီးမှ အဆင်မပြေတော့လို့ ထွက်သွားတာဖြစ်ပြီး ထွက်သွားတာကိုလည်း မိဘတွေနဲ့ မိသားစုတွေရဲ့ ကိုယ်ပိုင်ခံစားချက်ကို လေးစားတဲ့အတွက် ထွက်ဖို့ လက်ခံပေးလိုက်တဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားတာပါ..။


Photo Credit - အောင်ဆန်းရုပ်ရှင် Fb Page
Photo Credit - အောင်ဆန်းရုပ်ရှင် Fb Page

စပြီးစီစဉ်ကတည်းက သေချာမေးခဲ့သလို ဇော်ဖော်ပိုင်ကလည်း အရမ်းကို တက်ကြွကာ အဲ့ဒီအချိန်ကလည်း မိဘတွေက ခွင့်ပြုပေးခဲ့ပြီး ကြားထဲမှာ သူအခန်းက မရောက်နိုင်သေးဘဲ အချိန်ကြာသွားတာလည်း ပါသွားတာတွေကြောင့် တကယ်ရိုက်တော့မယ့်အချိန်မှ မိသားစုရဲ့ ခံစားချက်ကြောင့် မရိုက်နိုင်တော့တဲ့အတွက် နှုတ်ထွက်သွားတာကို လက်ခံပေးလိုက်တာဖြစ်တဲ့ အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ရုပ်ရှင်တွေ ရိုက်ကူးဖို့နဲ့ သေချာစနစ်တကျ ပြင်ဆင်နေကြတဲ့ အကြောင်းလေးတွေပြောပြထားသလို ဇော်ဇော်ပိုင် ထွက်သွားတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားသေးတဲ့ အန်ကယ်လေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - အောင်ဆန်းရုပ်ရှင် Fb Page
Photo Credit - အောင်ဆန်းရုပ်ရှင် Fb Page

Photo Credit -

Ayarwady Lu Min's Fb Acc & Amazing Grace &

အောင်ဆန်းရုပ်ရှင် Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။