ဘယ်လိုစိတ်ဖိစီးမှုတွေကြောင့်များဒီလိုလုပ်သွားရတာလည်း မသိဘူးနော်။ ဆယ်တန်းဆိုတာ အသက်ရှင်နေသရွေ့ အကြိမ်ကြိမ် ပြန်ဖြေလို့ရပါတယ်။

ဒီကျောင်းသူလေးရဲ့ အဖြစ်ဆိုကတော့

ယနေ့ ၁၇.၆.၂၀၁၇ နံနက် ၁ဝနာရီ၁၅ အချိန်က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်

ရဲစခန်းပိုင် မျင်ဝါးတောင်အုပ်စု ညောင်ခုံရွာ ကိုဖိုးကျော်

နေအိမ်တွင် တိုက်ကြီးမှလာရောက် ကျောင်းတက် နေထိုင်သော ဦးသန်းဦး၏သမီး မခင်ရတနာဦး(ခ)မဝေဝေ အောင် အသက်(၁၇)နှစ်သည်

ယနေ့ ထွက်သော ဆယ်တန်း အောင်စာရင်းတွင် ကျရူံးသဖြင့် စိတ်ဆင်းရဲပြီး

အမြင့် ၆ပေခွဲရှိ ထုပ်တန်းပေါ်မှ ဇွဲကြိုးချကာအဆုံးစီရင်လိုက်ကြောင်း ဝမ်းနည်းဖွယ် သတင်းရရှိပါတယ်လို့ မျှဝေထားတာ တွေ့ရပါတယ်။

ဆယ်တန်းအောင်စာရင်းထွက်တိုင်း ဒီလိုသတင်းမျိုးတွေ ခဏခဏကြားရတာ တကယ်စိတ်မကောင်းဖြစ်မိပါတယ်။

မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို ဒီလိုအဖြစ်ဆိုးမျိုးစီ တွန်းမပို့ကြဖို့ သတိပြုစရာပါဘဲ။

သတင်​း ဓာတ်​ပုံ Htoo Htoo / Myint Naing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။