ပရိသတ်ကြီးရေ ချစ်စရာမျက်နှာလေးနဲ့ရှမ်းမလေးဖြစ်တဲ့ Mrtvr-4ရဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဇာတ်လမ်းတွဲအတော်များများတွင် ပါဝင်သရုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုရရှိနေပြီဖြစ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းဟာ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီးယခုဆိုရင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့မင်းသမီးလေးတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်........။

Photo credit - Nan Sandar Hla Tun's facebook account
Photo credit - Nan Sandar Hla Tun's facebook account

သူမရဲ့ သရုပ်ဆောင်ကောင်းမှုတို့ကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အပြည့်အဝပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကိုလည်း ပိုင်ဆိုင်ထားပြီး လူအများအပေါ်မှာလည်း ဖော်ရွေလွန်းတာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ ချစ်ခင်နေကြတာပါနော်။ ယနေ့မှာတော့ နန်းစန္ဒာလှထွန်းက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလါတာပဲ ဖြစ်ပါတယ်.......။

Photo credit - Nan Sandar Hla Tun's facebook account
Photo credit - Nan Sandar Hla Tun's facebook account

ပရိသတ်အချစ်တော်မလေး နန်းစန္ဒာလှထွန်းက ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေအပြင် " စိတ်အကြည်ဓာတ်လေး ရနေလို့ထင်ပါရဲ့ အရာအားလုံးက အရမ်းကိုလှပနေတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း နန်းစန္ဒာလှထွန်းရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။ သူမရဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်​ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Nan Sandar Hla Tun's facebook account

Source & Photo credit - Nan Sandar Hla Tun's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။