ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ကိုပေါက်ကတော့ အနုပညာအရည်အသွေးပြည့်ဝတဲ့သူဖြစ်လို့ ပရိသတ်တွေအားပေးရကျိုးနပ်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ကိုပေါက်တို့မိသားစုလေးက သာယာချမ်းမြေ့စရာကောင်းပြီး မိသားစုလေးယောက်လုံးက စိတ်တူကိုယ်တူရှိကြလို့ အရမ်းအားကျဖို့ကောင်းတဲ့မိသားစုလေးပဲဖြစ်ပါတယ်။ကိုပေါက်တို့က အလှူအတန်းဆိုလည်း လက်မနှေးဘဲ တတ်နိုင်သလောက်ကို မကြာခဏလှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:Aung Min Naing's Facebook Account
Photo Credit:Aung Min Naing's Facebook Account/Aroma
Photo Credit:Aung Min Naing's Facebook Account/Aroma

ယခုကိုဗစ်ကာလမှာဆိုရင်တော့ အနုပညာအလုပ်တွေလည်း ခေတ္တရပ်နားထားရတဲ့ အချိန်ဖြစ်ပြီး အိမ်မှာပဲနေရတာကြောင့် ကိုပေါက်ကတော့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင် Tiktok လေးတွေကစားရင်း ပရိသတ်တွေကို မျှဝေနေတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင် ကိုပေါက်ရဲ့ Tiktokလေးတွေကို ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်လာရပြီး အတွဲညီကြတဲ့ ကိုပေါက်တို့မိသားစုလေးယောက်လုံးကို ချစ်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Aung Min Naing's Facebook Account
Photo Credit:Aung Min Naing's Facebook Account
Photo Credit:Aung Min Naing's Facebook Account

ကိုပေါက်ရဲ့ချစ်ဇနီးချောလေးကလည်း ခင်ပွန်းကိုကူညီပြီး အတူတူTiktok ကစားပေးတာကြောင့် ပရိသတ်တွေက ဇနီးမောင်နှံနှစ်ယောက်လုံးကို အားပေးကြပါတယ်နော်။အခုဆိုရင်တော့ ကိုပေါက်က ချစ်ဇနီးချောလေးကို ရင်ခွင်ထဲမှာထည့်ပြီး သာယာကြည်နူးနေတာဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ကြင်ကြင်နာနာနဲ့ ပျော်ရွှင်စရာအချိန်လေးတွေကုန်ဆုံးနေတဲ့ ကိုပေါက်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Aung Min Naing's Facebook Account
Photo Credit:Aung Min Naing's Facebook Account
Photo Credit:Aung Min Naing's Facebook Account

Source&Photo Credit:Aung Min Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။