သရုပ်ဆောင် မင်းသားချော ပိုင်ဇေရဲထွန်းကတော့ ချစ်ရတဲ့ဇနီး၊သားသမီးတွေနဲ့အတူ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ပိုင်ဇေရဲထွန်းက အရမ်းကိုချောမောလှပတဲ့ ချစ်ဇနီးချောလေးကို ရရှိထားသူဖြစ်တာကြောင့် ကလေးတွေကလည်း တကယ့်ကိုအချောလေးတွေဖြစ်လို့နေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပရိသတ်တွေက ပိုင်ဇေရဲထွန်းကိုသာမက သူ့ရဲ့ချစ်ဇနီးလေးကို ချစ်ခင်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc

လက်ရှိမှာတော့ ပိုင်ဇေရဲထွန်းက အနုပညာအလုပ်တွေကိုရပ်နားထားတာဖြစ်ပြီး စီးပွားရေးပိုင်းကိုသာ အာရုံစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေးကတော့ အခုတလောမှာ အရသာရှိတဲ့ငပိလိမ္မာဘူးလေးတွေကို ကိုယ်တိုင်ပြုလုပ်ပြီး Online ကတစ်ဆင့်ရောင်းချကာ အောင်မြင်မှုရနေတာပဲ ဖြစ်ပါတယ် ။မနေ့ကတော့ ဇင်သဲနိုင်က ဇူလိုင်လ (၁) ရက်နေ့ထီဖွင့်ပွဲမှာ အောင်ဘာလေထီဆုတစ်ဆု ဆွတ်ခူးခဲ့ကြောင်း တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc

ဇင်သဲနိုင်က " လတိုင်းတော့ပေါက်နေတာပဲ သုံးလို့ကိုမကုန်တော့ပါဘူးနော်" ဆိုပြီး ထီငါးသောင်းဆုပေါက်တဲ့အကြောင်း ရေးသား ပြောပြထားတာ ဖြစ်ပါတယ် ။ ဇင်သဲနိုင်ကတော့ အရင်လကလည်း ငါးသောင်းဆုတစ်ဆုရရှိခဲ့ပြီး အခုလမှာလည်း နောက်တစ်ကြိမ် ထပ်မံကံထူးခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် လတိုင်းထီကံထူးနေတဲ့ ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေး ဇင်သဲနိုင်ရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Zin Thae Naing's FB Acc

Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc
Photo Credit-Zin Thae Naing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။