ပရိသတ်ကြီးရေ တက်သစ်စမင်းသားချောလေး ကျော်ထက်ဇော် ကတော့ စမတ်ကျကျနဲ့ တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ အပြတ်သတ်ကို ဝန်းရံခံနေရသူလေးပဲဖြစ်ပါတယ်။ မင်းသား ကျော်ထက်ဇော် ကတော့ ယခုဆိုရင် ပရိသတ်တွေအားပေးဝန်ရံခြင်းကြောင့် အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပါပြီးနော်...။ လတ်ရှိမှာတော့ ကျော်ထက်ဇော် က ကြော်ငြာ်တွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့လည်းသိပါတယ်။

Photo & Video Credit - Kyaw Htet Zaw
Photo & Video Credit - Kyaw Htet Zaw

မင်းသားချောလေး ကျော်ထက်ဇော် က ချစ်တဲ့ ပရိသတ်တွေအတွက် အထူးအစီအစဉ်လေးတစ်ခုကို မကြာသေးမှီ ရက်ပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ ဖော်ပြပေးခဲ့ပါတယ်။ ယင်း အစီအစဉ်လေးကတော့ ဂျပန်စကားသင်ချင်တဲ့ ပရိသတ်တွေကို PKT Education Center ရဲ့ Page နဲ့ ဒီပို့စ်လေးကို Like & Share လုပ်ပေးတဲ့သူတွေထဲက ၁၀ ဦးတိတိကို ရွေးချယ်ပြီး သင်တန်း အခမဲ့ တတ်ခွင့်ကို ရရှိမှာလည်း ဖြစ်ပါတယ်။ ယခုမှာတော့ ကျော်ထက်ဇော် က ပရိသတ်တွေကို Live လွှင့်ပြီး Like & Share လုပ်ပေးတဲ့သူတွေထဲက ၁၀ ဦးတိတိကို မဲဖောက်ပေးသွားခဲ့တာဖြစ်ပါတယ်။

Photo & Video Credit - Kyaw Htet Zaw
Photo & Video Credit - Kyaw Htet Zaw

ကျော်ထက်ဇော်ရဲ့ Page မှာတော့ Like & Share လုပ်ပေးတဲ့သူက ၂၇၉ ယောက်ထဲ က ၁၀ ယောက်ကို မဲဖောက်ပြီး ရွေးချယ်ပေးသွားခဲ့တဲ့ live ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ချစ်တဲ့ ပရိသတ်တွေကို တရင်းတနှီး စကားတွေပြောရင် အစီအစဉ်လေးလုပ်ပေးတဲ့ အကြောင်းလေးတွေကိုလည်း ပြေပြပေးသွားခဲ့ပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသားချောလေး ကျော်ထက်ဇော် က Live လွှင့်ပြီး ဂျပန် သင်တန်း တက်ရောက်ခွင့်ရမယ့် ပရိသတ် ၁၀ ယောက်ကို ရွေးချယ်ပေးခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။