ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် ကိုပေါက်လို့ ပြောလိုက်တာနဲ့ ရယ်မောသွားစေတဲ့ ကာရိုက်တာလေးတွေကို သရုပ်ဆောင်တက်သူဆိုတာ သိပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ ကိုပေါက်က အနုပညာလောကထဲကို အခက်အခဲများစွာနဲ့ ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် ဆယ်စုနှစ်တစ်စုကြာခဲ့ပြီပဲဖြစ်ပါတယ်။ ကိုပေါက်က ယခုလက်ရှိမှာတော့ သရုပ်ဆောင်အလုပ်အပြင် ကဗျာရေး ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာတစ်ယောက်အဖြစ်လည်း အနုပညာလောကမှာ အောင်မြင်စွာရပ်တည်နေတာကို တွေ့ရပါတယ်.......။ 

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

လတ်တလောမှာတော့ ကိုပေါက်က အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး သူရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို မျှဝေပေးလေ့ရှိသူပါနော်။ ကိုပေါက်က သာယာပျော်ရွှင်ပြီး အများက အားကျနေရတဲ့ မိသားစုဘဝလေးကို ချစ်ဇနီးချောလေးနဲ့အတူ တည်ဆောက်ထားပြီး သားသားလေးနှစ်ယောက်ကိုလည်း မွေးဖွားထားပါသေးတယ်။ ကိုပေါက်က အားလပ်တဲ့ အချိန်လေးတွေမှာလည်း ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားစေမယ့် Tiktokဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိသူပါ. ။ 

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ယနေ့မှာလည်း လကုန်ပြီး ၁ရက်နေ့တိုင်း ထီထိုးတဲ့ သူတွေ ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲလေးတွေကို ဟာသအဖြစ်ရိုက်ပြထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ဒီနေ့ထိုး မနက်ဖြန်ပေါက်လို့ ပြောသွားတဲ့ ထီသည်တွေ လာရင် ကိုပေါက်ရဲ့ တုတ်စာမိသားမယ်ဆိုပြီး ပြောကာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးဖြစ်လို့ ကြည့်ရှုသူတိုင်းတစ်နေ့တာရဲ့ အမောတွေ ပြေပျောက်သွားစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်........။

Photo credit - Aung Min Naing's FB account

Photo credit - Aung Min Naing's FB account

Source  - Aung Min Naing's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။