အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုနေသူကတော့ အဆိုတော်မလေး အိမ့်ချစ်ပဲ ဖြစ်ပါတယ်။   သူမဟာ ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို အပြည့်အဝရရှိထားသူပဲဖြစ်ပြီး အောင်မြင်မှုတွေ များစွာလည်း ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။     ပရိသတ်တွေကလည်း သူမရဲ့ စူးရှတဲ့ အသံလေးကို အားပေးရုံသာမက အမြဲပွင့်ပွင့်လင်းလင်းနေထိုင်တဲ့ ပုံစံလေးတွေကိုလည်း ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။  

Photo Crd -Eint Chit's Facebook Account
Photo Crd -Eint Chit's Facebook Account
Photo Crd -Eint Chit's Facebook Account

သူမဟာ မကြာသေးခင်ကလည်း ချစ်ရတဲ့ ချစ်သူနဲ့ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ချစ်ရတဲ့သူတွေနဲ့သာ အကျဉ်းရုံးကာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကို သိပ်ချစ်တဲ့ ချစ်သူနဲ့အတူ ရွှေလက်တွဲတာကို မြင်ပြီး ကြည်နူးအားကျနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အိမ့်ချစ်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ အေးချမ်းလှပလွန်းတဲ့ ကလောမြို့လေးကို Pre Wedding ရိုက်ကူးရန် အတွက် ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။ 

Photo Crd -Eint Chit's Facebook Account
Photo Crd -Eint Chit's Facebook Story
Photo Crd -Eint Chit's Facebook Story

သူတို့ရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အမြဲဝေမျှပေးလေ့ရှိရာ အခုတစ်ခါမှာလည်း အိမ့်ချစ်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရေတံခွန်က ကျောက်ဆောင်တွေပေါ်တက်ကာ ခက်ခက်ခဲခဲနဲ့ Pre Wedding ရိုက်ကူးနေကြတဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူမတို့ နှစ်ယောက်လုံးဟာ လိုက်ဖက်လွန်းကြပြီး သားသား၊မီးမီးလေးတွေ အများကြီးမွေးပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ပါစေလို့ MyanmarLoad မိသားစုက ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd -Eint Chit's Facebook Story  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။