ပရိတ်သတ်ကြီးရေ တစ်ခေတ်တခါတည်းက အနုပညာလောကမှာအောင်မြင်စွာရပ်တည်နိုင်ခဲ့ပြီး အကယ်ဒမီများစွာကိုသိမ်းပိုက်ထားနိုင်တဲ့မင်းသမီးချောကြီး တစ်ယောက်ဖြစ်တဲ့ မေသန်းနုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ငွေကြေးလိမ်လည်မှုနဲ့တရားစွဲခံခဲ့ရတာဖြစ်ပြီး ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။ အခုလိုပြစ်ဒဏ်ကျခံခဲ့ရတဲ့အတွက်လည်း အနုပညာအသိုင်းအဝိုင်းကရော ပရိတ်သတ်တွေကပါစိတ်မကောင်းများစွာဖြစ်ခဲ့ရတာပါ။


Photo Credit-Min Thant Mg Mg's Facebook acc
Photo Credit-Min Thant Mg Mg's Facebook acc

မေသန်းနုရဲ့တစ်ဦးတည်းသောသားလေးဖြစ်တဲ့ မင်းသန့်မောင်မောင်တစ်ယောက်လည်း မိခင်ပြစ်ဒဏ်ကျခံရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်နေရတာပါ။ မင်းသန့်ဟာ ဒါရိုက်တာတစ်ယောက်အနေနဲ့စတင်လုပ်ကိုင်နေတဲ့သူလေးဖြစ်ပြီး ဖခင်ဖြစ်သူစင်ရော်မောင်မောင်ဆီက ပညာအမွေကိုဆက်လက်ခံယူထားတဲ့ ထူးချွန်တဲ့သားတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်မင်းသန့်ဟာ နိုင်ငံခြားကနေလည်း ပညာတွေသင်ယူထားတာဖြစ်ပြီး အကောင်းဆုံးကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး။


Photo Credit-Min Thant Mg Mg's Facebook acc
Photo Credit-Min Thant Mg Mg's Facebook acc

ဂျူလိုင်လ ၁ရက်နေ့မှာတော့ မင်းသန့်ရဲ့မေမေဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီမေသန်းနုတစ်ယောက်ပြစ်ဒဏ်ကနေပြန်လည်လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ မကြာသေးခင်က မင်းသန့်မောင်မောင်ဟာ သူ့ရဲ့Facebookစာမျက်နှာတွင်"Finally shes back in my arms" ဆိုတဲ့captionလေးနဲ့ မိခင်ဖြစ်သူမေသန်းနုနဲ့အတူ ပျော်ရွှင်စွာနဲ့ရိုက်ကူးထားတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ....မဆင့်ကိုချစ်တဲ့ ပရိတ်သတ်ကြီးအတွက် သားအမိနှစ်ယောက်ရဲ့ချစ်စရာပုံလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit-Min Thant Mg Mg's Facebook acc
Photo Credit-Min Thant Mg Mg's Facebook acc

Source-Min Thant Mg Mg's Facebook acc

Photo Credit-Min Thant Mg Mg's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။