ထူးခြားပြီး ဆွဲငင်အားပြင်းတဲ့ အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်တွေရဲ့ရင်ကိုလှုပ်ခတ်စေလောက်အောင် သီချင်းဆိုကောင်းသူ ဖြစ်ပါတယ်။ အသံကောင်းသလို သရုပ်ဆောင်ပိုင်းမှာလည်း သူမတူအောင် ထူးချွန်တဲ့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်တွေရဲ့အသည်းစွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အလှတရားတွေနဲ့ နုပျိုနေတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Photo Credit-Htun Aeindra Bo's FB Page
Photo Credit-Htun Aeindra Bo's FB Page
Photo Credit-Htun Aeindra Bo's FB Page

ထွန်းအိန္ဒြာဗိုလ်က ကလေးတစ်ယောက်မိခင်ဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သားလေးကိုအရမ်းချစ်တဲ့ ထွန်းအိန္ဒြာဗိုလ်က မကြာခဏဆိုသလို သားလေးနဲ့သူမတို့မိသားစုလေးရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ထွန်းအိန္ဒြာဗိုလ်က သားလေးငယ်ငယ်တုန်းက ကြည်နူးပျော်ရွှင်ခဲ့ရတဲ့ သူမတို့သားအမိရဲ့အမှတ်တရတွေကို မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit-Htun Aeindra Bo's FB Page
Photo Credit-Htun Aeindra Bo's FB Page
Photo Credit-Htun Aeindra Bo's FB Page
Photo Credit-Htun Aeindra Bo's FB Page

ထွန်းအိန္ဒြာဗိုလ်က " မေမေ့ကိုကပ်တဲ့ အရွယ်လေး... ပြန်လွမ်းမိပါတယ်လေ"ဆိုပြီး အမှတ်တရပုံလေးတွေကို အလွမ်းပြေတင်ထားတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မလွှတ်တမ်းဖက်ပြီး ပျော်ရွှင်ရယ်မောနေကြတဲ့ ထွန်းအိန္ဒြာဗိုလ်တို့သားအမိရဲ့ပုံလေးတွေကတော့ တကယ့်ကိုကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ထွန်းအိန္ဒြာဗိုလ်နဲ့သားလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Htun Aeindra Bo's FB Page 

Photo Credit-Htun Aeindra Bo's FB Page
Photo Credit-Htun Aeindra Bo's FB Page
Photo Credit-Htun Aeindra Bo's FB Page
Photo Credit-Htun Aeindra Bo's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။