ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် အိအိတုန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း တခဲနက်ရရှိထားတဲ့ သူပါနော်။ သူမက ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အနုပညာလှုပ်ရှားမှုတွေကို များစွာလုပ်ကိုင်နေရတဲ့ သူလည်းဖြစ်ပါတယ်။ ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေရဲ့ အချစ်တွေကိုပါ အပြည့်အဝရရှိထားတဲ့ အိအိတုန်က အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားတာလည်းဖြစ်ပါတယ်....။

Photo credit - Ei Tone's FB account
Photo credit - Ei Tone's FB account

အိအိတုန်က အနုပညာလှုပ်ရှားမှုတွေ သိပ့်မလုပ်ဖြစ်တော့ပေမယ့် လူမှုကွန်ယက်စာမျက်နှာထက်မှာ လှုပ်ရှားမှုမှန်သမျှကို မျှဝေပေးလျက်ရှိနေပြီး ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာအသေအချာပါပဲနော်။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ အိအိတုန်က အလိုလိုက်ပြီး အရာရာကို နားလည်မှုအပြည့်ရှိတဲ့ ခင်ပွန်းနဲ့ ကော်ပတ်ရုပ်ကလေးလို ချစ်စရာကောင်းတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မိသားစုအတွက် အပိုဝင်ငွေလေးရအောင် ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ကိုင်နေတဲ့ အိအိတုန်ကို ပရိသတ်တွေက ချီးကျူးမဆုံးဖြစ်နေကြတာပါနော်.......။

Photo credit - Ei Tone's FB account
Photo credit - Ei Tone's FB account
Photo credit - Ei Tone's FB account

အိအိတုန်က ချစ်စရာကောင်းတဲ့ သမီးလေးအပြင် ရင်သွေးလေးကိုလည်း လွယ်ထားတာဖြစ်ကြောင်း ပရိသတ်တွေကိုလည်း အသိပေးထားပါသေးတယ်။ ယနေ့မှာတော့ အိအိတုန်က သူမရဲ့ ရင်သွေးလေးကြောင့် ညဘက်တွေအိပ့်မရဖြစ်ကြောင်းပြောကာ နှစ်နှစ်ခြိုက်ခြိုက်အိပ့်ပျော်နေတဲ့ သမီးလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတာပါတဲ့နော်။ သမီးလေးကလည်း ချစ်စရာကောင်းစွာအိပ့်နေပြီး အသည်းယားစရာကောင်းလွန်းနေတာကြောင့် ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်........။ 

Photo credit - Ei Tone's FB account
Photo credit - Ei Tone's FB account
Photo credit - Ei Tone's FB account

Photo credit - Ei Tone's FB account

Source - Ei Tone's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။