သရုပ်ဆောင် ကောင်းရုံတင်မဟုတ်ဘဲ ချိုသာတဲ့ အသံလေးနဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး ချိုပြုံးပဲ ဖြစ်ပါတယ်။ သူမဟာ နှစ်ပေါင်းများစွာတိုင်အောင် အနုပညာအလုပ်ကို ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ကြိုးစားလုပ်ကိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အသက် (၇၀ )ကျော် လို့ ထင်ရက်စရာ မရှိလောက်အောင်ကို နုပျိုလှပနေဆဲ မင်းသမီးကြီးတစ်လက်လည်း ဖြစ်ပါတယ်။  

Photo Crd - Cho Pyone's Facebook Account
Photo Crd - Cho Pyone's Facebook Account
Photo Crd - Win Khant Moe's Facebook Page

မေချိုဟာ မင်္ဂလာဆောင် အခမ်းအနားများတွင်လည်း မင်္ဂလာအခါတော်ပေးအဖြစ်လည်း သီချင်းလေးတွေ ယနေ့ချိန်ထိ သီဆိုဖျော်ဖြေပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ယနေ့ထိ သူမရဲ့ အနုပညာတိုင်းကို ချစ်ခင်အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။ သူမရဲ့ မြေးဖြစ်သူကလည်း အနုပညာလောကထဲကို ဝင်ရောက်လာပြီပဲဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးများတွင် လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဝင်းခန့်မိုးဟာ အလှူအတန်းလုပ်ရတာကိုလည်း ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး အမြဲလိုလိုလည်း အလှူလေးတွေ တတ်နိုင်သလောက် ပြုလုပ်လေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Win Khant Moe's Facebook Page
Photo Crd - Win Khant Moe's Facebook Page
Photo Crd - Win Khant Moe's Facebook Page

မနေ့ညကလည်း ဝင်းခန့်မိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Vlog Video လေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " ဒီနေတော့ ကျွန်တော် ရယ် ကျွန်တော့် အဖွား ရယ် ကိုယ်တိုင် ချက်ပြီး

( ကြက်ကျော် ထမင်းဆီ စမ်း ငရုတ်သီး ထောင်း ) ပွဲ ၂၅ ပွဲ ကို လမ်းမှာ တွေ့တဲ့သူ တွေကို ပေးကမ်း သွားမှာပဲ ဖြစ်ပါတယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ထမင်း၊ဟင်းတွေကို ကိုယ်တိုင်အပင်ပန်းခံ ချက်ပြုတ်ကာ လမ်းမှာတွေ့တဲ့သူတွေကိုဝေကာမွန်မြတ်တဲ့အလှူလေးလုပ်ခဲ့ကြတဲ့ ချိုပြုံးတို့မြေးအဖွားနှစ်ယောက်ရဲ့ Video လေးကို ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Win Khant Moe's Facebook Page and Cho Pyone's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။