ပရိသတ်တွေရဲ့အချစ်တွေကို ဆယ်စုနှစ်တွေကတည်းက အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် ဝါရင့်အနုပညာရှင်ဖြစ်တဲ့ အကယ်ဒမီ အမေဒေါ်မြတ်မွန်ကိုတော့ ပရိသတ်တွေ သိကြမှာပါနော်..။

တစ်ခေတ်တစ်ခါက ချောမောလှပမှုတွေအပြင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့အချစ်တွေနဲ့ အောင်မြင်မှုတွေကို ရရှိထားတဲ့ ဝါရင့်အနုပညာရှင် မင်းသမီးကြီး တစ်ဦးပဲ ဖြစ်ပါတယ်နော်..။


Photo By Myanmarload

အခုအချိန်မှာတော့ အသက်အရွယ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားလိုက်ပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားဆဲဖြစ်တဲ့ အမေဒေါ်မြတ်မွန်ကတော့ လေဖြတ်ထားတာ(၅)နှစ်ရှိနေပြီး လတ်တလောကျန်းမာရေးအကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။

အမေဒေါ်မြတ်မွန်ဟာ အသက်(၇၉)နှစ်ရှိနေပြီဖြစ်ပြီး ကျန်းမာရေးကတော့ လေဖြတ်ထားတာမို့ စာလည်း မရေးနိုင်သလို လက်မှတ်လည်း မထိုးနိုင်ဘဲ လက်ကရမ်းနေတာကြောင့် ဇွန်းလေးနဲ့ပဲ ထမင်းစားရတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။


Photo By Myanmarload
Photo By Myanmarload

လေဖြတ်နေတာ(၅)နှစ်ရှိနေပြီး ဆေးတွေလည်း ဝယ်သောက်နေရကာ ထမင်းကိုလည်း တစ်နေ့တစ်နပ်ပဲ စားပြီး ညပိုင်းမှာ ထမင်းမစားတော့ဘဲ မုန့်စားလိုက်တဲ့အကြောင်းလေးတွေနဲ့ မတ်တပ်ရပ်နိုင်ပေမယ့် တစ်ယောက်တည်း လမ်းမလျှောက်နိုင်တဲ့ အကြောင်းလေးတွေကိုလည်း အမေဒေါ်မြတ်မွန်က ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ကျန်းမာရေးသိပ်မကောင်းပေမယ့် သူငယ်ချင်းတွေ အကုန်လုံးက ကျန်းမာနေကြတာ တွေ့ရတဲ့အတွက် ဝမ်းသာရတဲ့အကြောင်းလေးကိုလည်း ပြောပြထားတဲ့ အမေဒေါ်မြတ်မွန်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload

Photo By Myanmarload


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။