ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားကြတဲ့ သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်ချောချောလေးဖြစ်တဲ့ လမင်းကဗျာကလည်း ပြည်သူပရိသတ်တွေ ချစ်ခင်အားပေးကြသူလေးပါပဲ..။

ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတဲ့ လမင်းကဗျာကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ နည်းပါးနေပေမယ့်လည်း ပရိသတ်တွေကတော့ အားပေးချစ်ခင်နေဆဲပါပဲနော်..။


Photo Credit - Lamin Kabyar's Fb Account
Photo Credit - Lamin Kabyar's Fb Account

လမင်းကဗျာကတော့ လတ်တလော ဈေးရောင်းနေကြတဲ့ အနုပညာရှင်တွေအကြောင်းနဲ့ ဖေ့စ်ဘွတ်နဲ့ Tik Tok တွေမှာ နာမည်ကြီးနေကြတဲ့ Fb Cele နဲ့ Tik Tok Cele တွေနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်လေးတွေကို ပြောပြလာပါတယ်နော်..။

“အနုပညာသမားတွေ ဈေးမရောင်းရဘူးလို့တော့ မရှိပါဘူး အနုပညာသမားလည်းလူပဲ ဆရာဝန်လည်း လူပဲ ဘယ်လိုပဲဖြစ်ဖြစ် အကုန်လုံးက အနုပညာလုပ်ပြီး ချမ်းသာလို့ လုပ်နေကြရတာလည်း မဟုတ်ဘူး အကုန်လုံးကတော့ ကိုယ့်ဝမ်းစာအတွက် အဆင်ပြေတဲ့ အလုပ်ကို လုပ်နေကြတာပေါ့နော်..” ဆိုပြီး ဈေးရောင်းနေကြတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး ပြောပြထားတာပါ..။


Photo Credit - Lamin Kabyar's Fb Account
Photo Credit - Lamin Kabyar's Fb Account

ရုပ်ချောသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ Cele ဖြစ်ဖို့ဆိုတာ အတိတ်ကံပါဖို့ လိုပြီး အဆဲခံရတဲ့ Cele ဖြစ်လည်း ဒီလိုအဆဲခံရပြီး အောင်မြင်ဖို့အတွက် ကံပါလာလို့ Cele ဖြစ်တဲ့ အကြောင်းလေးနဲ့ သူမရဲ့အမြင်လေးကို ပြောပြထားပါသေးတယ်နော်..။

“Tik Tok ဆော့နေကြတဲ့ အနုပညာရှင်တွေကို ဘယ်လိုမှမမြင်ပါဘူး Tik Tok ဆော့တယ်ဆိုတာ မလွယ်ပါဘူး.. Fb Cele ဖြစ်ဖို့ မလွယ်ဘူး လူတိုင်းမှာ ကိုယ့်ကြိုးစားမှုတစ်ခုဆိုတာတော့ ရှိတယ် ရုပ်ချောသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ အောင်မြင်ဖို့အတွက် သူ့မှာကံလေးတစ်ခုပါလာလို့ Cele ဖြစ်တာပါ..” ဆိုပြီး ပြောပြထားတဲ့ လမင်းကဗျာရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Lamin Kabyar's Fb Account
Photo By Myanmarload

Photo Credit - Lamin Kabyar's Fb Account


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။