ပရိသတ်ကြီးရေ သာယာလှပတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ကတော့ ချစ်ခင်ပွန်းက အမြဲစိတ်ချမ်းသာအောင်ထားပေးလို့ စိတ်ပျိုကိုယ်နုဆိုသလို အသက်(၄၀)ကျော်အထိတိုင် အရွယ်တင်လှပနေတာဖြစ်ပါတယ်။ခိုင်သင်းကြည်က ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်လည်းရှိပြီး သားအမိနှစ်ယောက်က ညီအစ်မတွေလို့ထင်မှတ်ရလောက်အောင် သွားအတူ၊စားအတူနဲ့ အဖော်ရနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Khant Naing's Facebook Account
Photo Credit:Khant Naing's Facebook Account
Photo Credit:Khant Naing's Facebook Account

ခိုင်သင်းကြည်တို့မိသားစုလေးကို ပရိသတ်တွေကလည်းချစ်ခင်ကြပြီး အရမ်းကြည်နူးဖို့ကောင်းလွန်းလို့ အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။မခိုင်လေးကလည်း လက်ရှိမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။သူမရဲ့သမီးချောလေး စံထိပ်ထားဦးကလည်း အနုပညာကိုဝါသနာပါလို့ ကြော်ငြာလေးတွေအနည်းငယ်ရိုက်ကူးထားတာဖြစ်ပါတယ်။

Photo Credit:Khant Naing's Facebook Account
Photo Credit:Khant Naing's Facebook Account
Photo Credit:Khant Naing's Facebook Account
Photo Credit:Khant Naing's Facebook Account

ခိုင်သင်းကြည်ရဲ့ချစ်ခင်ပွန်း ကိုခန့်နိုင်ကလည်း ဇနီးနဲ့သမီးကို လိုလေသေးမရှိအောင်စောင့်ရှောက်ပေးပြီး ဂရုစိုက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။အခုဆိုရင်လည်း ချစ်ဇနီးချောလေးနဲ့အတူ အရသာရှိတာလေးတွေကိုလက်ဆုံစားပြီး ကြည်ကြည်နူးနူးနဲ့ရိုနေကြတာဖြစ်ပါတယ်။နှစ်တွေပြောင်းသွားပေမယ့် မပြောင်းလဲသွားတဲ့အချစ်တွေကြောင့် အမြဲတမ်းအေးအတူပူအမျှချစ်နေကြတဲ့ မခိုင်လေးတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khant Naing's Facebook Account
Photo Credit:Khant Naing's Facebook Account
Photo Credit:Khant Naing's Facebook Account

Source&Photo Credit:Khant Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။