အမိုက်စားဘော်ဒီလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်သူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းပဲ ဖြစ်ပါတယ်။ သူဟာ စမတ်ကျကျ ဖက်ရှင်လေးတွေကိုလည်း လိုက်ဖက်အောင် ဝတ်ဆင်တတ်သူတစ်ယောက်ဖြစ်ပြီး အားလုံးရဲ့ နှုတ်ခမ်းဖျားမှာ ရေပန်စားနေတဲ့ မင်းသားလေးတစ်လက်လည်း ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လောကမှ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူတစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာကို လက်မလည်အောင် ရိုက်ကူးခဲ့ရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account

အောင်ရဲလင်းဟာ သီချင်းဆိုရတာကိုလည်း ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး အမြဲလိုလိုလည်း ဂီတာလေးတီးကာ သီချင်းလေးတွေ ဆိုပြထားတဲ့ ဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးကာ ပရိသတ်တွေကို ဝေမျှပေးတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ အောင်ရဲလင်းတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားတွေတော့ ရိုက်ကူးခြင်းမရှိသေးပါဘူး။ မကြာသေးခင်ကလည်း အသက် (၃၂) နှစ်ပြည့် မွေးနေ့လေးကို ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။  

Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account
Photo Crd - Aung Ye Lin's Facebook Account

အခုမှာလည်း သူ့ရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နှုတ်ခမ်းနီမလေးတွေ မြင်တာနဲ့တဖြုတ်ဖြုတ်ကြွေသွားစေအောင် အလေးတုံးကိုမကာ အပြင်းအထန်လေ့ကျင့်နေတဲ့ အောင်ရဲလင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူဟာ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ဖြစ်အောင်အတွက် လေ့ကျင့်ခန်းတွေ အမြဲပြုလုပ်လေ့ ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အောင်ရဲလင်းရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Aung Ye Lin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။