League Of Legends : Wild Rift ဟာဆိုရင် Mobile Game လောကမှာ လူအများစောင့်ကြည့်နေတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Alpha Test တာထွက်ရှိသေးတာဖြစ်ပြီး Global အနေနဲ့မထွက်ရှိသေးပါဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ Alpha Test ဟာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ဂိမ်းဟာဆိုရင်တော့ MOBA အမျိုးအစားဖြစ်တာမို့ ပရိသတ်ကြီးဆော့နေတဲ့ Mobile Legends လိုပဲဆိုပေမယ့် မတူညီတာတွေအများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့လဲ ဂိမ်းကိုမဆော့ခင် ဂိမ်းနဲ့ပတ်သတ်တဲ့ အချက်လေးတွေကိုတော့ သိသင့်ပါတယ်။ LOL : WR မှာဆိုရင် Champion အယောက် ၄၀ပါပြီး Role ၅ ခုပါပါတယ်။ Role ၅ မျိုးမှာ Jungle, Top, Mid, ADC နဲ့ Support တို့ပဲဖြစ်ကာ အဲ့ထဲက Jungle Role ကိုအောက်မှာဖော်ပြထားပါတယ်။  

Jungle

Jungle Champion ဟာဆိုရင် ပွဲစတာနဲ့ တောထဲမှာ Farm နေရမှာဖြစ်ပြီး လမ်းတွေကိုလဲပတ်ပေးရသလို Dragon တွေကိုလဲ သတ်ရမယ့်တာဝန်ရှိပါတယ်။ ကိုယ့်အနေနဲ့ Jungle Champion မယူထားပဲ Farm လို့မသင့်တော်ပါဘူး။ Mobile Legends မှာ Fighter ကိုင်ပြီး တောတိုးလို့ရပေမယ့် LOL : WR မှာဆိုရင် အဲ့လိုလုပ်လို့မသင့်တော်ပါဘူး။ Jungle Champion ပါနေရင် ကိုယ့်အနေနဲ့ တောမတိုးသင့်ပါဘူး။ တကယ်လို့ ကိုယ်က Jungle Champion မဟုတ်ပဲ တောတိုးနေရင် Jungle ကောင်လဲ Fail သလို အသင်းလဲ Fail တက်ပါတယ်။ Jungle Champion တွေကတော့ Master Yi, Vi, Graves, Olaf, Gragas, Shyvana နဲ့ Xin Zhao တို့ပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Atomic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။