ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်သဇင် ကတော့ အချိန်အတိုတွင်း နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လတ်ရှိမှာတော့ မင်းသမီးချောလေး ခင်သဇင် ဟာ ကြော်ငြာတွေ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ပိုပို ရိုက်ကူးနေရတာ ကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ အကောင်းဆုံးကြိုးစား အားထုတ်မှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီလည်း ဖြစ်ပါတယ်။

Photo Credit -Khin Thazin
Photo Credit -Khin Thazin

ခင်သဇင် ဟာ အနုပညာအလုပ်တွေကို ဒီထပ်မက အောင်မြင်မှုတွေရရှိအောင် အကောင်းဆုံးလုပ်ဆောင်နေသလို လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း ရှေ့ကနေဦးဆောင် ပါဝင်လုပ်ကိုင်ပေးတဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလာမှာ ခဏတာရပ်နားထားခဲ့ရပေးမယ့် ပရိသတ်တွေအဆက်သွယ်မပြတ်သွားအောင် သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို အမြဲဖော်ပြပေးတာကိုတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း မင်းသမီးချောလေး ခင်သဇင် ကတော့ အရင်က သွားခဲ့တဲ့ မန္တလေးခရီးစဉ်က ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

Photo Credit -Khin Thazin
Photo Credit -Khin Thazin

ဒီပုံလေးတွေထဲမှာတော့ ခင်သဇင် က လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ဆင်ထားပြီး ရင်ခုန်စရာကောင်းလောက်အောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ခင်သဇင် က "အ မြဲခရီးတွေပဲ ထွက်ချင်နေရော ... လွမ်းလိုက်တာ မန္တလေးရယ် " ဆိုတဲ့ Caption လေးနဲ့အတူ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ အသည်းယားစရာကောင်းနေတဲ့ အချစ်တော်လေး ခင်သဇင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Khin Thazin
Photo Credit -Khin Thazin

Photo Credit -Khin Thazin

Source -Khin Thazin 's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။