သရုပ်ဆောင် မင်းသားချောလေး ကျော်ကျော်က ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တာကြောင့် လူချစ်လူခင်ပေါများနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ မာန်မာနကင်းပြီး အားလုံးကိုရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တဲ့ ကျော်ကျော်က အမြဲတမ်းပြုံးပျော်နေတာလည်း ဖြစ်ပါတယ်။ ကျော်ကျော်က ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို အပျော်တမ်း ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-Kyaw Naing Oo's FB Acc

လက်ရှိမှာလည်း ကျော်ကျော်က ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့နဲ့အတူ ဟာသဗီဒီယိုလေးရိုက်ကူးရင်း ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိနေတာ ဖြစ်ပါတယ်။ ကျော်ကျော်ရဲ့အခွီပြက်လုံးတွေနဲ့ အိုင်တင်တွေကို ပရိသတ်တွေက သဘောကျပြီး နှစ်ခြိုက်အားပေးနေရတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကျော်ကျော်က သူချစ်ရတဲ့အဖေနဲ့အတူ ကိုယ်တိုင်ဂီတာတီးပြီး သီချင်းဆိုပြထားတဲ့ ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-Kyaw Naing Oo's FB Acc & Cherry Photo

ကျော်ကျော်က " ဖေဖေနဲ့ဘေဘီရဲ့ ညပိုင်းဖျော်ဖြေတင်ဆက်မှုလေး" ဆိုပြီး သူတို့သားအဖရဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ကျော်ကျော်တို့သားအဖနှစ်ယောက်က တက်ညီလက်ညီနဲ့ ဂီတာတီးပြီး ပျော်ပျော်ပါးပါးသီချင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေပါ ကြည့်ရှုရင်းအပျော်တွေကူးစက်သွားစေနိုင်တဲ့ ကျော်ကျော်တို့သားအဖရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Kyaw Naing Oo's FB Acc 

Photo Credit-Kyaw Naing Oo's FB Acc
Photo Credit-Kyaw Naing Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။