အကယ်ဒမီထူးချွန်ဆုများစွာကို ရရှိပိုင်ဆိုင်ထားပြီး ယနေ့ချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသူကတော့ ဒါရိုက်တာ စင်ရော်မောင်မောင်ပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေအတွက် ဇာတ်အိမ်ကောင်းကောင်းကိုသာ ရွေးချယ်ရိုက်ကူးတတ်တဲ့ ဝါရင့်ဒါရိုက်တာ တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သားဖြစ်သူကိုလည်း လိုလေသေးမရှိအောင် ပြုစုပျိုးထောင်ပေးနေတဲ့ ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd - Zin Yaw Mg Mg's Facebook Account
Photo Crd - Zin Yaw Mg Mg's Facebook Account
Photo Crd - Zin Yaw Mg Mg's Facebook Account

သူဟာ ဇနီးဟောင်းဖြစ်သူ မေသန်းနု အကျဉ်းကျနေစဉ်မှာလည်း အမြဲဂရုတစိုက်နဲ့ လိုက်ပါဆောင်ရွက်ပေးတာကြောင့်လည်း အားလုံးက ဝိုင်းပြီး ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ မနေ့ကတော့ မဆင့်တစ်ယောက် အကျဉ်းထောင်ကနေ လွတ်မြောက်လာတာကြောင့် အားလုံးက ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စစာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Zin Yaw Mg Mg's Facebook Account
Photo Crd - Zin Yaw Mg Mg's Facebook Account
Photo Crd - Zin Yaw Mg Mg's Facebook Account

ဒါကတော့ မိခင်ဖြစ်သူရဲ့ရင်ခွင်ထဲမှာနေပြီးပျော်ရွှင်နေတဲ့ သားဖြစ်သူကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ စင်ရော်မောင်မောင်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သားအဖြစ်သူရဲ့ မွေးနေ့အမှတ်တရ အဖြစ် မင်းသန်းနဲ့ မဆင့်တို့ သားအမိနှစ်ယောက် သာသနာ့ဘောင်ကို ခေတ္တဝင်ရောက်မှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd  - Zin Yaw Mg Mg's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။