ပရိတ်သတ်ကြီးရေ......အရမ်းromanticဆန်ကြပြီး မနဲ့မောင်စုံတွဲလေးဖြစ်တဲ့ ‌သားဂန်းနဲ့ဘေဘီမောင်တို့အတွဲလေးကို သိကြမယ်ထင်ပါတယ်နော်။ သူတို့နှစ်ဦးလုံးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်းအောင်မြင်မှုရရှိထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ပါတယ်။ ဘေဘီမောင်ဟာ အနုပညာအလုပ်တွေအပြင် အခုလက်ရှိမှာဆိုရင် online shoppingလုပ်ကာ အ၀တ်အထည်လှလှလေးတွေလည်း ရောင်းချပေးနေတာဖြစ်ပါတယ်။

Photo credit-Thar Gan's Facebook acc
Photo credit-Thar Gan's Facebook acc

သားဂန်းဟာ အိမ်မက်ဆုံရာ ရာသက်ပန်အဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိတ်သတ်အားပေးမှုရရှိခဲ့တာဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်ရောက်ရှိလာတာဖြစ်ပါတယ်။ ဘေဘီမောင်နဲ့သားဂန်းဟာ အတွဲညီညီနဲ့ တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိတာကြောင့် ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ချစ်သူသားဂန်းဟာလည်း ဘေဘီမောင်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်သူလေးဖြစ်ပြီး အလုပ်တွေကိုလည်း ကူလုပ်ပေးတတ်တဲ့သူလေးပါ။

Photo credit-Thar Gan's Facebook acc
Photo credit-Thar Gan's Facebook acc

သားဂန်းဟာ ဘေဘီမောင်နဲ့ပုံလေးတွေ ဗီဒီယိုလေးတွေကို ပရိတ်သတ်တွေအတွက် တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "မူယာ မာယာများလို့မဟုတ်ဘူး တမင်သက်သက်ဆိုးချင်သူ သူမဘယ်လောက်ဆိုးဆိုး သည်းခံခွှင့်လွှတ်ချစ်မယ့်သူပါဗျ" ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thar Gan's Facebook acc
Photo credit-Thar Gan's Facebook acc

Source-Thar Gan's Facebook acc

Photo credit-Thar Gan's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။