မင်းသမီးချောလေးမေမြင့်မိုရ်ကတော့ အောင်မြင်နေတဲ့ မင်းသမီးချောလေးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့တဲ့ သူမကတော့ ယခုမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရတဲ့အထိ အောင်မြင်လျက်ရှိနေပြီး ဇာတ်လမ်းတွဲတွေကိုလည်း ဆက်လက်ရိုက်ကူးလျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: May Myint Mo 's facebook acc
photo credit: May Myint Mo 's facebook acc

ယခုမှာအနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကိုသာအမြတ်တနိုးနဲ့ ဝတ်ဆင်လေ့ရှိတဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိတဲ့ သူမကတော့ အေးချမ်းလွန်းတဲ့ မျက်နှာပုံစံလေး ချိုသာလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားခဲ့ကာ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး ။

photo credit: May Myint Mo 's facebook acc
photo credit: May Myint Mo 's facebook acc

သူမကတော့ ယခုမှာ ထူးအောင်နဲ့အတူ ရူတင်မှာ ရယ်စရာတွေပြောရင်း အူတတ်အောင်ရယ်နေခဲ့ကြပါတယ်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ ပြုံးရယ်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမေမြင့်မိုရ်နဲ့ ထူးအောင်တို့ရဲ့ ပျော်ရွှင်ရယ်မောနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: May Myint Mo 's facebook my day

photo credit: May Myint Mo 's facebook acc
photo credit: May Myint Mo 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။