ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပိုကတော့ဂီတနယ်ပယ်မှာ ပရိသတ်တွေရဲ့ ရင်ထဲကိုထိမှန်စေတဲ့ သီချင်းတွေနဲ့ အချစ်တွေကို ချစ်ပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ပိုပိုကတော့ ပရိသတ်တွေနဲ့ ခံစားချက်တွေနဲ့ တိုက်ဆိုင်မယ့် သီချင်းသစ်တွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။

Photo Credit - Po Po
Photo Credit - Po Po

အပင်စိုက်ပျိုးတာကို ဝါသနာပါတဲ့ ပိုပိုကတော့ အားတဲ့အချိန်လေးတွေကို ခြံထဲက မြေလွတ်နေရာတွေမှာဟ စားစရာ သီးပင်၊ စားပင်တွေကို ကိုယ်တိုင်စိုက်ပျိုးနေရရင် ကျေနပ်နေတဲ့သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ပိုပိုကတော့ အလှူတန်းတွေမှာ တက်နိုင်သမျှပါဝင်လှူဒါန်းပေးသလို ဘာသာရေးမှာ အထူးကိုင်းရှိုင်းတက်သူပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်တော့ ပိုပို က အိမ်ရှေ့လေးကို ဆွမ်းခံကြွလာတဲ့ သံဃာတော်ကို ဆွမ်းလောင်းလှူနေတဲ့ ပုံးရိပ်လေးတွေကို ပရိသတ်တွေ အတွက် တင်ပေးလာခဲ့ပါတယ်။

Photo Credit - Po Po
Photo Credit - Po Po

ဒီ ကြည်နူးစရာ ပုံရိပ်လေးတွေနဲ့လည်း အချစ်တော်လေး ပိုပို က " ယနေ့ ငါးကြင်းနဲ့ မျှစ်ချဉ် ၊ ဂေါဖီကြော် ၊ ငါးချဉ်သုတ် ၊ ဆန် ၂ လုံးနီးပါး ချက်လှူပါတယ်ရှင့် ဒါန ပြီးတော့ ငါးပါးသီလ ဆောက်တည်ပါမယ်...ယနေ့ပြုရ ကုသလ ကြောင့် လူချစ်လူခင်ပေါများပြီးဘေးရန်အသွယ်သွယ်တို့မှ ကင်းဝေးပါရစေဘုရား သူတော်ကောင်းများနဲ့ သာတွေ့ဆုံ၍ စိတ်ချမ်းသာရပါစေဘုရား နောက်ဆုံး ဆုတောင်းကတော့ ဘယ်လောက်ပဲစားစား သွယ်လျသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပါရစေဘုရား " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါသေးတယ်။

Photo Credit - Po Po
Photo Credit - Po Po

Photo Credit - Po Po

Source - Po Po's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။