မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ အရပ်ရှည်ရှည်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ ဗလတောင့်တောင့် ကိုလူချောလေးဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့နှလုံးသားကို အပိုင်ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်အရှည်ထားပြီး သူများတွေနဲ့မတူအောင် ချောမောခန့်ညားနေတဲ့ ပိုင်တံခွန်က ထိုင်းနိုင်ငံက မိန်းမပျိုလေးတွေကြားမှာပါ ရေပန်းစားအောင်မြင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit-May Chit Thway
Photo Credit-May Chit Thway
Photo Credit-Paing Takhon's FB Acc

ပိုင်တံခွန်က နိုင်ငံခြားမော်ဒယ်တစ်ဦးလို့ ထင်ရလောက်အောင် စတိုင်ကျကျဖက်ရှင်တွေနဲ့ အပြတ်အသတ်ကို မိမိုက်နေတတ်တာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန်က တိရိစ္ဆာန်လေးတွေကိုချစ်တတ်သူဖြစ်ပြီး ကြင်နာတတ်တဲ့ စိတ်ထားကောင်းလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်တံခွန်က မကြာခဏဆိုသလို လူမှုကွန်ယက်စာမျက်နှာထက်မှာ သူ့ရဲ့အချစ်တော်ကြောင်လေးတွေနဲ့ပုံရိပ်တွေကို မျှဝေပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Credit-May Chit Thway
Photo Credit-Paing Takhon's FB Acc
Photo Credit-Paing Takhon's FB Acc
Photo Credit-May Chit Thway's FB Acc

အခုတော့ ပိုင်တံခွန်က အချစ်တော်ကြောင်လေးတွေကိုဖက်ပြီး အပီအပြင်အိပ်မောကျနေတုန်းမှာ အစ်မဖြစ်သူရဲ့ဆေးထိုးစနောက်ခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ဗီဒီယိုလေးကိုတော့ အစ်မဖြစ်သူက " နင်တို့သားအဖ ၃ယောက်ပဲ စောကြီးအိပ်နေလိုက်ကြ မနက်ကျလည်း စောကြီးထပီး ဒုက္ခပေးလိုက်ကြ" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အစ်မဖြစ်သူဆေးထိုးတာခံလိုက်ရတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-May Chit Thway's FB Acc

Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc
Photo Credit-May Chit Thway's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။