အဆိုတော်မနောကတော့ အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သီချင်းအသစ်လေးတွေထွက်ရှိထားကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုတော်မနောကတော့ ယခုမှာလူပျို သီချင်း MTV နှင့် ပက်သတ်ပြီးတောင်းပန်စကားဆိုလိုက်ကာ အဆိုပါသီချင်းလေးကို ပျော်ရွှင်ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်တဲ့ အကြောင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: မနော Manaaw 's facebook page
photo credit: မနော Manaaw 's facebook page

မနောကတော့ " မင်္ဂလာပါ လူပျို သီချင်း MTV နှင့် ပက်သတ်ပြီး ကျနော် တောင်းပန်ပါ့မယ်ခင်ဗျာအခုလို လမ်းအမှန်ကိုထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှု့သူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင်အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာတောင်းပန်ရသည့် ရည်ရွယ်ချက်များမှာ၁။ အနုပညာအလုပ်ကိုလုပ်သူ (သို့)ထင်ပေါ်ကျော်ကြားသူတစ်ဦးဟာ အရာရာသတိထားရပါမယ် မိမိကြောင့် လူငယ်လူရွယ်လေးများ မသိအမြင်မမှားစေချင်သော ဆန္ဒ အတုမြင် အတတ်သင် မပြုစေချင်သောဆန္ဒ နှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ၂။ ကျနော် ကိုးကွယ် ဆည်းကပ်သောဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်းကောင်းများအစုံစုံကို လေးစားတန်ဖိုးထားခြင်း ဆုံးမသွန်သင်မှုညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကိုကျနော်ကြောင့်မထိခိုက်စေလိုပါ " ဆိုပြီး ပြောထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit: မနော Manaaw 's facebook page
photo credit: မနော Manaaw 's facebook page

မနောကတော့ " ၃။ ကျနော့်ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက်စေချင်ပါ ကျနော့်ကိုချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများဘက်မှ ပြန်ဆဲနဲ့ ကျနော်က ထိုသူတွေကို အကုသိုလ် ပေးနေရာရောက်ပါတယ်ခင်ဗျာ၄။ ကျနော့်မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေယျာဝစ္စပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို မေတ္တာပို့ပါတယ် မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူဘဝအချိန်တွေကို တန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ် ဒါကြောင့် ကျနော့်ရဲ့အမှားကို ပြုပြင်ပေးသည့် ညီလေး ညီမလေးများ ကျေနပ်သည်အထိတောင်းပန်ပါ့မယ် ဒီကျနော့်ရဲ့ မနော Manaaw Like Page မှတောင်းပန်တာ အားရကျေနပ်မှုမရှိသေးလျှင် ကိုယ်တိုင်လာရောက်တောင်းပန်ဆိုလည်း ကျနော် တောင်းပန်ပါ့မယ်ခင်ဗျာ " ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: မနော Manaaw 's facebook page

photo credit: မနော Manaaw 's facebook page
photo credit: မနော Manaaw 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။