သရုပ်ဆောင် အလုပ်ကိုလည်း နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး အခုမှာတော့ ဂီတဘက်ကိုသာ ဇောက်ချကာ လုပ်ကိုင်နေသူကတော့ အဆိုတော်မလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဂီတလောကမှာလည်း အောင်မြင်မှုတွေ များစွာရရှိနေပြီး တေးသီချင်း Album များစွာလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီးဒီဟာ အဆွေးသီချင်းလေးတွေသာမက ခပ်မြူးမြူးသီချင်းလေးတွေကိုလည်း သီဆိုလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။   

Photo Crd - Sandi Myint Lwin's Facebook Account
Photo Crd - Sandi Myint Lwin's Facebook Account
Photo Crd - Sandi Myint Lwin's Facebook Account

ဒီးဒီဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ သမီးလေးကလည်း တဖြည်းဖြည်းနဲ့ သူမနဲ့ ပိုပိုတူလာပြီး ပါးလေးဖောင်းကစ်ကစ်နဲ့ အားလုံးက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ Tresasure လေးဟာလည်း အသက်ငယ်ငယ်လေးနဲ့ မေမေနဲ့အတူ ကြော်ငြာလေးတွေ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ အခုမှာလည်း ဒီးဒီရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd - Sandi Myint Lwin's Facebook Account
Photo Crd - Sandi Myint Lwin's Facebook Account
Photo Crd - Sandi Myint Lwin's Facebook Account

ဒါကတော့ Spary ဘူးကြီးကိုင်ကာ နိုင်ငံခြားသီချင်းလေးတစ်ပုဒ်ကိုအပီအပြင် ဟစ်ကာသီဆိုနေတဲ့ပုံစံလေးလုပ်ပြနေတဲ့ စန္ဒီမြင့်လွင်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဒီးဒီဟာ မကြာခဏဆိုသလို Tik Tok လေးတွေ ဆော့ကစားကာ ပရိသတ်တွေကို အမြဲဝေမျှပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီးဒီရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Sandi Myint Lwin's Facebook Account  

@sandymyintlwin

##sandymyintlwin

♬ Senorita - Singer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။