ပရိတ်သတ်ကြီးရေ......အသံပါဝါကောင်းကောင်းနဲ့သီချင်းကောင်းတွေကို ပရိတ်သတ်ရင်ထဲရောက်အောင်သီဆိုတတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအောင်မြင်ကျော်ကြားခဲ့တဲ့ အေသင်ချိုဆွေကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ တစ်ကိုယ်တော်အယ်လ်ဘမ်တွေကိုလည်း ထုတ်ခဲ့တာဖြစ်ပြီး တစ်ခေတ်တခါကလူငယ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားခဲ့တာဖြစ်ပါတယ်။ အေသင်ဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သမီးငယ်လေးဖြစ်တဲ့ ဗီးဗီးလေးကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်နော်။
အေသင်ဟာ ဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရသော်လည်း Single motherတစ်ယောက်အနေနဲ့ ရဲရဲဝံ့ဝံံရပ်တည်နေတာဖြစ်ပါတယ်။ အေသင်ဟာ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး သီချင်းအသစ်တွေကိုလည်း ပရိတ်သတ်တွေအတွက် ထုတ်ပေးနေတာဖြစ်ပါတယ်နော်။ သမီးလေးဖြစ်တဲ့ ဗီးဗီးလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို လိမ္မာရေးခြားရှိတဲ့သူလေးဖြစ်ပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာလေးပါ။
အေသင်ဟာ မကြာသေးမီကသူမရဲ့Facebookစာမျက်နှာတွင် "တီချယ့်ဆီသွားရတော့မှာဆိုတော့ ဗီးဗီးကလဲသူငယ်ချင်းနဲ့ဆော့ရတော့မှာမို့ပျော်၊မေမေကလဲ ဒီနေ့တပိုင်း လွတ်လပ်ရေးရတော့မှာမို့ပျော် ၊ မသိဘူး ပျော် ဟိဟိ" ဆိုတဲ့captionလေးနဲ့ သမီးလေးဗီးဗီးလေးရဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Athen Cho Swe's Facebook acc
Photo Credit-Athen Cho Swe's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။