photo credit - Dreamhack

Clairvoyance ကတော သူ့အနေနဲ့ Boom Esports မှာ 2020 ခုနှစ် 12 လပိုင်း 31 ရက်နေ့အထိ ရှိနေမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Clairvoyance အနေနဲ့ ပြီးခဲ့တဲ့ 2019 ခုနှစ် 7 လပိုင်းတုန်းက Boom Esports (အရင် BOOM ID) ကို coach အဖြစ် ရက်ပိုင်းလောက်တာဝန်ယူခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ပြီး 2020 ခုနှစ် 4 လပိုင်းမှာသာ ပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။

Clairvoyance ဟာဆိုရင်အရင်က Evil Geniuses , Cloud9 , Mineski , Nip နဲ့ VGJ. Strom တို့လို့အသင်းကြီးတွေမှာ coach အဖြစ်တာဝန်ယူခဲ့ဖူးသူ တစ်ယောက်ပဲဖြစ်ပါတယ်။

clairvoyance လက်ရှိမှာ coach အဖြစ်တာဝန်ယူနေတဲ့ Boom Esports ဟာဆိုရင် World Ranking အရ no.19 နေရာမှာရှိနေပြီး Sea region မှာဆိုရင် no.2 နေရာမှာရှိနေတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။

လက်ရှိ Boom Esports ရဲ့ roster ကတော့

Po 1. Dreamocel

Po 2. Mikoto

Po 3. Fbz

Po 4. Hyde

Po 5- Khezcute

တို့ပဲဖြစ်ပါတယ်။

source - Clairvoyance twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။