ပရိသတ်ကြီးရေ ဘောလုံးအားကစားသမားအောင်သူကတော့ အရမ်းချောတဲ့ဇနီးလေးနဲ့ ချစ်စရာကောင်းတဲ့သားသားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အောင်သူတို့မိသားစုဘဝလေးက ပျော်ရွှင်စရာကောင်းပြီး အေးချမ်းသာယာလို့ ပရိသတ်တွေကအားကျနေကြတာဖြစ်ပါတယ်။အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့ တစ်ဦးတည်းသောသားလေး ကိုကိုးလေးကလည်း မကြာခင်မှာ တစ်နှစ်ပြည့်တော့မှာဖြစ်ပြီး တစ်နေ့တစ်ခြားလည်း ပိုပိုချစ်ဖို့ကောင်းလာပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

မေမေပိုးအိအိခန့်ကလည်း သားချောလေးရဲ့ အနားမှာအနီးကပ်နေပေးပြီး တစ်ချိန်လုံးဂရုစိုပေးနေတာဖြစ်ပါတယ်။သားလေးကို ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် အစစအရာရာ သူမကိုယ်တိုင်လုပ်ဆောင်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ ကိုကိုးလေးရဲ့ချစ်စရာကောင်းပုံလေးတွေကိုကြည့်ပြီး တစ်နေ့တစ်ခြားပိုပိုချစ်နေရကာ သူ့ရဲ့ပုံလေးတွေကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

ကိုကိုးလေးက ပါးဖောင်းဖောင်းလေးနဲ့ အရမ်းပဲချစ်ဖို့ကောင်းပြီး အသားအရည်လေးကလည်းဖြူဖွေးနုဖတ်နေလို့ မေမေ့ဆီက အမွေရထားတာပါနော်။အခုဆိုရင်တော့ ကိုကိုးလေးက ခုံလေးကိုကိုင်ပြီး ဖြည်းဖြည်းလေးမတ်တပ်ရပ်ကြည့်နေတာဖြစ်ပါတယ်။မကြာခင်မှာ တစ်နှစ်ပြည့်တော့မယ့် ကိုကိုးလေးက မတ်တပ်စမ်းနေပြီဖြစ်လို့ သူ့ရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

Source&Photo Credit:Poe Ei Ei Khant's Facebook Account

Video Credit:Poe Ei Ei Khant's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။