ပရိတ်သတ်ကြီးရေ...... ချစ်စရာကောင်းပြီးအသည်းယားစရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett Phyo Tunကိုသိကြတယ်မလား။အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံဟာလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့သူ‌တွေဖြစ်ပါတယ်။ဒါ့ပြင် အာဘွိုင်းရဲ့romanticဆန်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းပီသမှုကြောင့် ပရိတ်သတ်တွေအားကျနေရတဲ့သူဆိုလည်းမှားမယ်မထင်ပါဘူးနော်။


အာဘွိုင်းဟာ လတ်တလောတွင်လည်း ချမ်းမြေ့မောင်ချိုနဲ့အတူ အငွေ့အသက်များဆိုတဲ့ သီချင်းကောင်းတစ်ပုဒ်ကိုလည်းထွက်ရှိထားတာဖြစ်ပြီး ပရိတ်သတ်အားပေးလက်ခံတဲ့သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အာဘွိုင်းဟာ မိသားစုကိုလည်းအချိန်ပေးတဲ့သူဖြစ်ပြီး အနုပညာအလုပ်တွေရော စီးပွားရေးလုပ်ငန်းတွေမှာပါအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဘွိုင်းဟာ မကြာခဏဆိုသလိုလည်း မိသားစုပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလေ့ရှိသူပါနော်။


မကြာသေးမီကလည်း အာဘွိုင်းဟာ သူ့ရဲ့Facebookစာမျက်နှာတွင် "Hello" ဆိုတဲ့captionလေးနဲ့ သမီးလေး Scarlettရဲ့ချစ်စရာကောင်းပြီး ဖြူဖွေးဝင်းဥနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ Scarlettလေးဟာလည်း ပါးဖောင်းဖောင်းလေးနဲ့ မြင်သူတိုင်းအသည်းယားစရာကောင်းအောင်ကို ချစ်မွှေးလေးပါပဲနော်။ ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source-Kyaw Phyo Tun's Facebook acc

Photo Credit-Kyaw Phyo Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။