ပရိသတ်ကြီးရေ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဆန်းသစ်လ ကတော့ အသံချိုချိုလေးကိုလည်းပိုင်ဆိုင်ထားလို့ တေးသီချင်းလေးတွေကိုလည်း သီဆိုပါတယ်နော်။ဆန်းသစ်လက လက်ရှိအချိန်မှာဆိုရင် ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီး မကြာခင်မှာ သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ဆန်းသစ်လကတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်နော်။

Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account

ဆန်းသစ်လရဲ့ အမျိုးသားကလည်း ချစ်ဇနီးချောလေးကို အရမ်းပဲချစ်ပြီး အချိန်ပြည့်ကြင်နာယုယကာ ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။ဆန်းသစ်လကတော့ ချစ်ခင်ပွန်းကလည်း စိတ်ချမ်းသာအောင်ထားပေးတာကြောင့် အမြဲပျော်ရွှင်နေရပြီး စိတ်ချမ်းသာနေရတာဖြစ်ပါတယ်နော်။အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပေမယ့်လည်း ဆန်းသစ်လက ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account

ပထမဆုံးကိုယ်ဝန်လွယ်ထားရပေမယ့် နုနယ်ပျိုမျစ်တဲ့အလှတရားတွေက ကိုယ်ဝန်လေးနဲ့တောင် လှပနေတုန်းပဲဖြစ်ပါတယ်။ဗိုက်လေးကလည်း တစ်နေ့ထက်တစ်နေ့ပိုပိုပေါ်လာပြီး လုံးလုံးဝိုင်းဝိုင်းလေးနဲ့ချစ်စရာလေးပါနော်။အခုဆိုရင်တော့ ဆန်းသစ်လက သူမစားချင်တာလေးကို စားလိုက်ရလို့ ကလေးတစ်ယောက်လိုပျော်ရွှင်ပြီး အရမ်းချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account
Photo Credit:San Thit La's Facebook Account

Source&Photo Credit:San Thit La's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။