ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီ သရုပ်ဆောင်မေသန်းနုကတော့ ငွေကြေးပြဿနာတွေကြောင့် ပြီးခဲ့တဲ့လပိုင်းတွေက ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ဇူလိုင်(၁)ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါပြီနော်..။

အားလုံးက ချစ်ခင်အားပေးနေကြတဲ့ မေသန်းနုပြန်လည်လွတ်မြောက်လာတဲ့အတွက် အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း အတော်လေးကို ဝမ်းသာနေကြပြီး ထောင်ထဲမှာနေခဲ့ရတဲ့ ဘဝအတွေ့အကြုံလေးတွေကိုလည်း မေသန်းနုက ပြောပြလာပါတယ်နော်..။


Photo Credit - Zin Yaw Mg's Fb Accoun
Photo Credit - Min Thant Mg Mg's Fb Account

မဆင့်အခုလို ပြန်လည်လွတ်မြောက်လာတဲ့ အကြောင်းအရင်းအမှန်ကိုလည်း ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာဇင်ယော်မောင်မောင်ကလည်း သေချာပြန်လည်ရှင်းလင်းပြောပြထားပြီး ကာယကံရှင်တရားလိုဘက်ကို ငွေတွေအားလုံးအားလုံးအကျေလျော်ပြီး မဆင့်အမှုကိစ္စကျေအေးပေးဖို့ ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဇင်ယော်မောင်မောင်က ပြောထားပါတယ်နော်..။

မဆင့်ရဲ့ အအမူကိစ္စအတွက် အတော်လေးကို ခက်ခဲခဲခဲ့ပြီး ငွေရေးကြေးရေး ခက်ခက်ခဲခဲနဲ့ တော်တော်လေးကို ရုန်းကန်ခဲ့ရတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားသလို “အဓိကပြောချင်တာကတော့ ပြစ်ဒဏ်ကျခံသွားတဲ့အမှုနဲ့ပတ်သက်ပြီး အဆင့်ဆင့်ဆောင်ရွက်ခဲ့တဲ့ တရားရေးရာက တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ် ကျန်တဲ့ကိစ္စတွေကိုလည်း ဥပဒေအရဖြေရှင်းသွားပါမယ့် ကာယကံရှင် ဒေါ်စန်းစန်းမြင့်အနေနဲ့လည်း ပြေသင့်သလောက်ပြေပါ ကျွန်တော်အစကတည်းက တရားရုံမှာ အကျေလျော်ဖို့ကို အထုတ်နဲ့ သွားခဲ့ပါတယ် မှတ်တမ်းတွေလည်း ရှိပါတယ် ကာယကံရှင် ဒေါ်စန်းစန်းမြင့်ကိုလည်း စီတိုးနားဟိုတယ်မှာ ချိန်းပြီး ၃၅၀+ ၄၅၀ ပေးပြီး အမှုကိုရုပ်သိမ်းဖို့ ပြောခဲ့ပါတယ် အဆင်မပြေခဲ့ပါဘူး ထောင်တစ်နှစ်ကျတာတောင် နည်းသေးတယ်ဆိုပြီး ထပ်တိုးအပြစ်ဒဏ်တောင်းခဲ့ပါတယ် အခုလွတ်လာတာကလည်း (၆)လပါ (၃)လက နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပါ (၃)လက ထောင်ထဲမှာ စည်းမျဉ်းစည်းကမ်းနဲ့ ကောင်းမွန်စွာနေရင် လျှော့ရက်ဘယ်လောက် နောက်တစ်ခါက သုံးလနေရင် လျှော့ရက် ဘယ်လောက်ဆိုပြီး အဲ့ဒါတွေနဲ့ တွက်ပြီး လွတ်လာတာ ဖြစ်ပါတယ် ကျွန်တော်တို့ အထူးအစီအစဉ်အနေနဲ့ လွတ်လာခြင်း မဟုတ်ပါဘူး..” ဆိုပြီး ဒါရိုက်တာဇင်ယော်မောင်မောင်က သေချာရှင်းလင်း ပြောပြထားတာ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload

ထောင်ထဲမှာ ဥပဒေအတိုင်းလေးစားပြီး အဆင်ပြေအောင် စည်းကမ်းတွေအတိုင်း အားလုံးနေသလို တရားထိုင်ကာ နေ့ရောညရော ဘုရားစာတွေလည်း မှန်မှန်ရွတ်ဖတ်ပြီး ဘာသာရေးကို ပိုလုပ်ဖြစ်သလို (၅)နာရီပုံမှန်ထရပြီး တစ်ခါတစ်လေ (၄)နာရီနဲ့ (၂)နာရီထရတဲ့အကြောင်းလေးတွေနဲ့ ညီအစ်မတွေလိုဖြစ်သွားတဲ့ အတူနေခဲ့သူတွေရဲ့ အားပေးမှုတွေနဲ့ အကျဉ်းဦးစီးအစ်မကလည်း စောင့်ရှောက်မှုတွေကြောင့် စိတ်သက်သာရခဲ့ရတဲ့အကြောင်းလေးတွေကိုလည်း မဆင့်က ပြောပြထားပါသေးတယ်နော်..။

သားဖြစ်သူမင်းသန့်မောင်မောင်ကလည်း အမေဖြစ်သူ အခုလိုဖြစ်သွားတဲ့အတွက် တော်ောတ်လေးကို အံ့သြမိပြီး ဝမ်းနည်းမိတဲ့အကြောင်းနဲ့ ကူညီကြတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားလေးတို့ထားတဲ့ သူတို့မိသားစုလေးရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload

Photo Credit - Min Thant Mg Mg's Fb Account & Zin Yaw Mg's Fb Accoun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။