ပရိသတ်ကြီးရေ တက်သစ်စ မင်းသမီးချောလေး ခန့် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ အချစ်တွေကို ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ ခန့် ဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်လာခဲ့ကာ သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ မင်းသမီးချောလေး ခန့် က သေးသေးသွယ်သွယ် body လေးကိုပိုင်ဆိုင်ထားသလို ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေနဲ့ လှရက်လွန်းနေတဲ့ သူလေးပဲဖြစ်ပါတယ်။

Photo Credit - Htet Zaw Aung
Photo Credit - Htet Zaw Aung

ခန့်ကတော့ MRTV-4 မှာထုတ်လွှင့်ပြသလို့ ပြီးဆုံးသွားခဲ့တဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း ပရိသတ်ချစ်အားပိုစေခဲ့ပါတယ်။ ဒါ့အပြင် ခန့် ကတော့ ဇာတ်လမ်းတွဲလေးပြီးဆုံးသွားခဲ့ပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် သူမရဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ အချစ်တော်လေး ခန့် က ရပ်နားထားခဲ့ရတဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ပြီလည်းဖြစ်ပါတယ်။

Photo Credit - Htet Zaw Aung
Photo Credit - Htet Zaw Aung

ယခုမှာတော့ အချစ်တော်လေး ခန့် က ကြော်ငြာရိုက်ကူးရေးတစ်ခု ပြုလုပ်နေရင်း ချစ်စရာကောင်းလောက်တဲ့ ကင်မရာနောက်ကွယ်က အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီးနော်။ ဒီပုံလေးတွေနဲ့ လည်း မင်းသမီးချော ခန့် က "မင်းရဲ့မမက ထမင်းဟင်းလဲချက်တက်တယ်နော် " ဆိုပြီး ချစ်စရာကောင်းလောက်အောင် ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာ အရသာရှိရှိ ဟင်းလျာတွေကို ကိုယ်တိုင်ချက်ပြုတ်နေတဲ့ အချစ်တော်လေး ခန့် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Htet Zaw Aung
Photo Credit - Htet Zaw Aung

Photo Credit - Htet Zaw Aung

Source - Khant Thiri Zaw's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။