ပရိသတ်ကြီးရေ.. အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စိန်လင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို စီးပွားရေးဘက်မှာလည်း အတော်အသင့် အောင်မြင်နေသူပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့တခဲနက်အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ စိန်လင်းကတော့ သီချင်းကောင်းလေးတွေလည်း ထွက်ရှိထားပြီး ပရိသတ်တွေကို အကြီုက်တွေ့စေသူလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Sein Linn aroma's Fb Page
Photo Credit - Sein Linn aroma's Fb Page

စိန်လင်းကတော့ လတ်တလောမှာ ဦးစန္ဒောဘာသ ဘွဲ့အမည်နဲ့ သာသနာ့ဘောင်ကို ဝင်ရောက်နေပြီး ရဟန်းခံချင်တဲ့အကြောင်းလေးနဲ့ ပရိသတ်လက်ဆောင်ပေးတဲ့ သင်္ကန်းလေးနဲ့ ရဟန်းဝတ်တဲ့အကြောင်းလေးကိုလည်း သာသနာ့ဘောင် မဝင်ရောက်ခင်က ပြောပြလာပါတယ်နော်..။

ရဟန်းဝတ်ချင်နေတာ ကြာပေမယ့် အလုပ်တွေမအားတဲ့အတွက် မဝတ်ဖြစ်တာ (၈)နှစ် (၉)နှစ်လောက်ရှိနေပြီး အခုလို Covid ဖြစ်နေကာ အလုပ်တွေပါးနေတဲ့အချိန်မှာ အကျိုးရှိအောင် တရားဘောင်ဝင်မယ်ဆိုတဲ့ စိတ်လေးနဲ့ ရဟန်းဝတ်တဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Sein Linn aroma's Fb Page
Photo Credit - Sein Linn aroma's Fb Page

တွံ့တေးမှာရှိတဲ့ ကျောင်းသစ်ကျောင်းပရိယတ္တိစာသင်တိုက်မှာ ရဟန်းခံတာဖြစ်ပြီး ပရိသတ်လက်ဆောင်ပေးထားတဲ့ သင်္ကန်းလေးကို သိမ်းထားပြီး အခုမှ ဝတ်ဖြစ်မယ့်အကြောင်းလေးကိုလည်း စိန်လင်းက ပြောပြထားပါသေးတယ်..။

“ရဟန်းဘောင်ဝင်ခြင်းက မိဘတွေကို ကျေးဇူးဆပ်ရာရောက်တော့ မိဘတွေကိုကုသိုလ်ရမှာဖြစ်သလို သင်္ကန်းလေးက ပရိသတ်ကပေးထားတော့ ဝတ်ရင် သူတို့လည်း ကုသိုလ်ရမှာမို့ ကုသိုလ်အတူရစေချင်တဲ့ စိတ်ကလေးနဲ့ ဝတ်ဖြစ်တာပါ အခုလို အလုပ်တွေပါးနေတဲ့အချိန်မှာ စိတ်အေးအေးချမ်းချမ်းလေးနဲ့ တရားအားထုတ်ချင်တာကြောင့် ဝတ်ဖြစ်မှာပါ..” ဆိုပြီး ပြောပြထားတဲ့ စိန်လင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Sein Linn aroma's Fb Page
Photo Credit - Sein Linn aroma's Fb Page

Photo Credit - aroma & Sein Linn aroma's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။