ပရိသတ်ကြီးရေ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ တပည့်သားအရင်းဖြစ်တဲ့ တက်သစ်စ သရုပ်ဆောင် မင်းသားချော ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်.။ ကျော်ထက်ဇော်က အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ " အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးကလည်း ဇာတ်သိမ်းသွားပြီဖြစ်ပေမယ့် ပရိသတ်တွေ အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်.....။

Photo credit - Kyaw Htet Zaw's Facebook account
Photo credit - Kyaw Htet Zaw's Facebook account

ကျော်ထက်ဇော်က သူ့ရဲ့ လှုပ်ရှားမှုမှန်သမျှကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေကလည်း စောင့်မျှော် အားပေးချစ်ခင်နေကြတာပါနော်.။ ဒါ့အပြင် ကျော်ထက်ဇော်က ဇာတ်လမ်းတွဲလေးထဲက အမှတ်တရပုံရိပ်လေးတွေနဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို မကြာခဏဆိုသလိုလည်း တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ ကျော်ထက်ဇော်က သူရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလါတာပဲ ဖြစ်ပါတယ်.....။

Photo credit - Kyaw Htet Zaw's Facebook account
Photo credit - Kyaw Htet Zaw's Facebook account

အဖြူရောင်အကျီလေးကို ဝတ်ဆင်ကာ မြင်သူတိုင်းရင်ကို အေးချမ်းသွားစေလောက်တဲ့ အပြုံးလေးနဲ့ စမတ်ကျကျ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေအပြင် " ကိုယ့်ရင်ခွင်က အဖြူထည်လေးပါ ဒါပေမယ့် မင်းလေး ဝင်ကြည့်မှသိနိုင်မှာ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ မင်းသားချောလေး ကျော်ထက်ဇော်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.......။ 

Photo credit - Kyaw Htet Zaw's Facebook account
Photo credit - Kyaw Htet Zaw's Facebook account

Source & Photo credit - Kyaw Htet Zaw's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။