ညီညီမောင် (စမ်းချောင်း) နဲ့ လင်းလင်းတို့နှစ်ယောက်ကတော့ မိတ်ကပ်လောကမှာ တကယ့်ကိုနာမည်ကြီးပြီး အကျော်အမော်တွေပဲ ဖြစ်ကြပါတယ်။ ကိုယ်စီကိုယ်စီ အောင်မြင်မှုတွေအသီးသီးရရှိထားတဲ့ သုသုနဲ့ လင်းလင်းတို့က တကယ့်ကိုအရည်အချင်းရှိတဲ့ အလှဖန်တီးရှင်တွေလည်း ဖြစ်ကြပါတယ်။ သုသုတို့သူငယ်ချင်းနှစ်ယောက်က မသိသူမရှိလောက်အောင် နာမည်ကြီးသလို ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အပြည့်အဝရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc

သုသုနဲ့ လင်းလင်းတို့က အရမ်းကိုခင်မင်ရင်းနှီးကြတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပြီး အရမ်းကို အတွဲညီကြတာပဲ ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်ပြီး ဟာသတွေပြောတတ်တဲ့ သူမတို့နှစ်ယောက်က အခွီဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း သုသုတို့သူငယ်ချင်းနှစ်ယောက်က အတူဆုံတုန်းမှာ ဟာသဗီဒီယိုလေးတစ်ခု ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc

ဒီဗီဒီယိုလေးမှာတော့ သုသုက နိုင်ငံခြားကသူငယ်ချင်းပို့ပေးလိုက်တဲ့ဖိနပ်ကိုပြပြီး လင်းလင်းကို အပီအပြင်ကြွားနေတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း လင်းလင်းပြောလိုက်တဲ့စကားကြောင့် သုသုတစ်ယောက်စိတ်ဆိုးပြီး ရန်ပြန်တွေ့လိုက်ရတဲ့ပုံစံမျိုး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သုသုနဲ့ လင်းလင်းရဲ့အခွီတလိုင်း ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Nyi Nyi Mg- Sanchaung's FB Page

Photo Credit-Nyi Nyi Maung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။