မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ covid 19 ရောဂါပိုးကူးစက်ခံထားရတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ အောင်လအန်ဆန်ကတော့ " ချစ်ခင်ရပါသောမိသားစုဝင်များနှင့်မိတ်ဆွေသူငယ်ချင်းများခင်ဗျာ၊ကျွန်တော်တနင်္လာနေ့တုန်းကကိုဗစ်-၁၉စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီးဒီနေ့မှာတော့ကျွန်တော်ဆီမှာကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ဆေးစစ်ချက်အဖြေထွက်လာပါတယ်။ဒါကြောင့်ကျွန်တော်နဲ့ကျွန်တော့်မိသားစုကွာရန်တင်း၁၄ရက်နေထိုင်ရတော့မှာဖြစ်ပါတယ် " ဆိုပြီး ရေးသားထားပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ "နေထိုင်မကောင်းစဖြစ်တဲ့ပထမနှစ်ရက်မှာတော့ အဖျားရှိတာ၊အသက်ရှုရကြပ်တာ၊ကိုယ်လက်ကိုက်ခဲတာနဲ့မောပန်းတာတွေခံစားခဲ့ရပါတယ်။ဒါပေမယ့်ကျွန်တော့်မိသားစုဝင်တွေကတော့နေထိုင်ကောင်းပြီးကောင်းမွန်စွာအဆင်ပြေနေတဲ့ကောင်းကြီးခံစားရပါတယ်။ကျွန်တော်တို့ဒီအခြေအနေကိုအတူတကွအကောင်းဆုံးရင်ဆိုင်ပြီး၊ကျွန်တော်တို့ရင်ဆိုင်ကျော်လွှားသွားနိုင်မှာပါ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ မနှစ်တုန်းက ဖိုက်တာမဂ္ဂဇင်းနယ်ပယ်မှာဩဇာကြီးမားတဲ့ Fighters Only မဂ္ဂဇင်းကကြီးမှုးကျင်းပတဲ့ World MMA Award ဆုပေးပွဲမှာ"International Fighter Of the Year" ဆုကို ရရှိခဲ့ပါတယ်။ ယခုနှစ်မှာလည်း အောင်လအန်ဆန်တစ်ယောက် Fighters Only မဂ္ဂဇင်းရဲ့ World MMA Award ဆုပေးပွဲမှာ "International Fighter of the Year" ဆုအတွက်ဆန်ကာတင်စာရင်းမှာပြန်လည်ပါဝင်လာပါတယ်။

source: Aung La Nsang(Burmese Python) 's facebook page  

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။