ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုကတော့ တောင့်တင်းလှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး မြင်သူငေးရတဲ့ အလှလေးတွေကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ခံထားရတဲ့သူပါနော်။ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ အိချောပိုက ယခုလက်ရှိမှာတော့ ကြော်ငြာတွေနဲ့ Photo shootingတွေကို လက်ခံရိုက်ကူးနေတာပါနော်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲမျှဝေပေးလျက်ရှိတာကြောင့် ပရိသတ်တွေက စောင့်မျှော်အားပေးနေကြတာ အသေအချာပါပဲနော်........။

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

အိချောပိုရဲ့ ခင်မင်းရင်းနှီးတဲ့ သူငယ်ချင်းလေးဖြစ်တဲ့ မေမြင့်မိုရ်ကလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ သူမတို့ သူငယ်ချင်းနှစ်ယောက်က အနုပညာလောကမှာ အောင်မြင်မှုတွေများစွာကို ရရှိထားကြတာလည်းဖြစ်ပါတယ်။ အမြဲလိုလို နှစ်ယောက်သားချစ်စရာကောင်းတဲ့ ပုံလေးတွေကို မျှဝေပေးလျက်ရှိနေပြီး ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲဖြစ်ပါတယ်......။

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

ယနေ့မှာလည်း မင်းသမီးချောလေး မေမြင့်မိုရ်က သူမရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာကနေ သူငယ်ချင်း အိချောပိုနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ သူငယ်ချင်းနှစ်ယောက် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ဆော့ကစားထားတဲ့ Tiktokဗီဒီယိုဖိုင်လေးကို တင်ပေးလာတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုစေရန်အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်........။

Photo credit - May Myint Mo's FB account
Photo credit - May Myint Mo's FB account

Photo credit - May Myint Mo's FB account

Source - May Myint Mo's FB account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။