သရုပ်ဆောင် မင်းသမီးချော မေသန်းနုကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ(၁)ရက်နေ့မှာပဲ ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အချုပ်အနှောင်ကနေ ကင်းလွတ်ခဲ့ပြီဖြစ်တဲ့ မေသန်းနုအတွက် မိသားစုဝင်တွေအားလုံးနဲ့ အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်နေရတာ ဖြစ်ပါတယ်။ ထို့အတူ မေသန်းနုရဲ့သားလေးက မင်းသန့်မောင်မောင်ကလည်း မိခင်ဖြစ်သူအတွက် ဝမ်းသာမဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit-Min Thant Mg Mg's FB Acc
Photo Credit-Min Thant Mg Mg's FB Acc
Photo Credit-Min Thant Mg Mg's FB Acc

မေသန်းနုနဲ့ သားလေးမင်းသန့်မောင်မောင်တို့ကတော့ တစ်ယောက်အပေါ် တစ်ယောက် ကြင်နာယုယတဲ့မေတ္တာတွေနဲ့ အရမ်းချစ်ကြတဲ့ သားအမိတွေပဲ ဖြစ်ကြပါတယ်။ ပျော်ရွှင်စရာအချိန်လေးတွေကို ပြန်လည်ရရှိနေပြီဖြစ်တဲ့ မေသန်းနုတို့သားအမိကတော့ အရမ်းကိုကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေသန်းနုက သူမချစ်ရတဲ့ တစ်ဦးတည်းသော သားလေးမင်းသန့်မောင်မောင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Photo Credit-Min Thant Mg Mg's FB Acc
Photo Credit-May Than Nu-Ma Sint's FB Page
Photo Credit-May Than Nu-Ma Sint's FB Page

မေသန်းနုက ယနေ့ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်တဲ့ သားလေးမင်းသန့်မောင်မောင်ရဲ့မွေးနေ့အတွက် " Happy Birthday သားသား ယနေ့ရက်မှစ သားသားစိတ်ချမ်းသာကျန်းမာပါစေ အောင်မြင်မှုများသားသားပိုင်ဆိုင်ပါစေ" ဆိုပြီး ဆုမွန်ကောင်းတောင်းခြွေပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ မေသန်းနုတို့သားအမိရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-May Than Nu-Ma Sint's FB Page 

Photo Credit-May Than Nu-Ma Sint's FB Page
Photo Credit-Min Thant Mg Mg's FB Acc
Photo Credit-May Than Nu-Ma Sint's FB Page
Photo Credit-Min Thant Mg Mg's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။